64.zgi

800 30 2
                                    

ကြုံခဲလှသည့်ဖူးစာ

64. သူ့ကိုရပြီ

မော့ဟွားက ကျောက်တုံးလေးကိုဆုပ်ကိုင်ရင်း နန်းတော်တွင်းကိုမျော်ကြည့်လိုက်၏ ထို့‌နောက်သက်ပြင်းချလိုက်ပြီး ရှောင်ပိုင်ကိုနန်းတော်ထဲသို့ဝင်စေလိုက်တော့သည်

အပြင်မာတော့စစ်ပွဲကဆက်လက်ဖြစ်ပွားဆဲ လက်နက်ချင်းပွတ်တိုက်သံတွေနှင့်ဆူညံဆဲ နာနာကျင်ကျင်အော်သံများဖြင့်ဆူညံနေဆဲပင်

မော့ဟွားက နန်းတော်ထဲသို့ဝင်သွားလိုက်ပြီး လီဝမ်ကိုလိုက်ရှာလိုက်သည်

တိုင်လုံးများကမိုးထိုးနေပြီး ရွှေချထားသောကြေးမှန်များကိုလည်းအလှဆင်ထားသည် နန်းတော်အတွင်းဘက်ရောက်လာလေ ပိုမှောင်လာလေလေပင်

တနေရာအရောက်တွင် မော့ဟွားအသည်းတွေပဲ့ကြွေသွားပြီဟုထင်ရလောက်သောမြင်ကွင်းတခုကစီးကြိုနေလေသည်

"ဝမ်လေး"

ဟုတ်ပါသည် လီဝမ်ပင်

လီဝမ်ကိုသံကြိုးများဖြင့်တုတ်နှောင်ထားပြီး လေထဲတွင်ဇောက်ထိုးဆွဲထား၏ သူ၏ကိုယ်တွင်ဘာဒဏ်ရာမှမရှိသော်လည်း မျက်နှာကတော့ဖြူဖျော့နေလေသည်

မော့ဟွားကရှောင်ပိုင်ပေါ်ကနေလီဝမ်ဆီသို့ပျံသန်းသွားလိုက်ပြီး သံကြိုးများကိုလက်နှင့်ဆွဲဖြတ်လိုက်၏ သူမလက်များသွေးချင်းနီလာကာ အသားများလန်သွား၏ အကြောင်းကား သံကြိုးကငရဲမီးလျံများဖြင့်လုပ်ထားသောကြောင့်ပင် သို့သော် လီဝမ်တယောက်ကတော့ မျက်နှာဖြူဖျော့နေသည်မှအပ အကောင်းအတိုင်းပင်

မော့ဟွားက ထိုသံသယဖြစ်ဖွယ်အချက်ကိုမသိချင်ယောင်ဆောင်လိုက်ပြီး ရှောင်ပိုင်ပေါ်သို့ပြန်လည်ဆင်းသက်လိုက်လေသည် ထို့နောက် အသူရာလေးဖြင့် သံကြိုးများကို ပစ်ခွင်းလိုက်၏ လီဝမ်ကိုနဂိုတုန်းထဲက အမြင့်ကြီးမှာချည်နှောင်ထားတာဖြစ်သောကြောင့် သံကြိုးများပျက်ဆီးသွားသောအခါ သူကလဲတရှိန်ထိုးပြုတ်ကျလာလေသည်

မော့ဟွားကလေပေါ်ပျံလိုက်ကာ လီဝမ်ကိုဖမ်းလိုက်၏ ဆံနွယ်ဖြူဖြူလေးများဝဲပျံနေကာ မျက်ဝန်းစိမ်းစိမ်းလေးများ နားရွက်ချွန်ချွန်လေးများ နှုတ်ခမ်းရဲရဲများဖြင့်‌မော့ဟွားက လှပလွန်းလှသည် ဆံနွယ်ဖြူဖြူပေါ်တွင်သူမတပ်ထားသော မြွေနတ်ဘုရားမျိုးနွယ်၏‌ရွှေ‌မြွေနှစ်ကောင်အမှတ်အသားနှင့် သူမ၏နဖူးပေါ်မှပန်းအမှတ်အသား အားလုံးကို လီဝမ်ကမက်မောစွာကြည့်လိုက်၏ ထို့နောက်သူကပြုံးလိုက်၏  မော့ဟွားကလဲသူ့ကိုငုံကြည့်လာကာ အနွေး‌ထွေးဆုံးပြုံးပြလာလေသည်

(Complete)ကြုံခဲလှသည့်ဖူးစာ ၾကံဳခဲလွသည့္ဖူးစာnormal(Oc) Zgi&UniDonde viven las historias. Descúbrelo ahora