55.ကြည်နူးနေချိန်

1.2K 68 2
                                    

55.သာယာကြည်နူးချိန်

လီဝမ်က အနမ်းများကိုညင်သာစွာပေးနေပြီး မော့ဟွားကတော့ ငတ်မပြေသည့်ပင်လယ်ရေလိုမျိုး သူ့ဆီကအချစ်တွေကိုအကုန်လိုချင်နေမိသည်
ထို့ကြောင့် သူမက လီဝမ်ရဲ့ အနမ်းများကိုမက်မက်မောမောပြန်တုံပြန်နေမိ၏

လီဝမ်ကတော့ သူသိပ်ချစ်ရတဲ့ သူရဲ့နတ်ဘုရားမလေးက သူ့ကိုပြန်ပြီးအနမ်းဖလှယ်နေတာ‌ကိုတွေ့ရတော့ သူသိကျေနပ်‌ကာပျော်ရွင်နေပြီး သူမကိုပွေ့ဖက်ကာ အနမ်းမိုးတွေရွာသွန်းနေမိသည်

သူမတို့နှစ်ယောက်ပူးကပ်စွာနဲ့ကြားလေပင်ဝင်လို့မရအောင်အနမ်းများကမွတ်သိပ်လွန်းလှ၏

ခနကြာတော့ လီဝမ်ကမလွှတ်ချင်လွှတ်ချင်နှင့်လွှတ်ပေးလိုက်၏ သူကချိုမြလှတဲ့သူမရဲ့နှုတ်ခမ်းဆီကသာယာမူ့ကိုထပ်တဖန်ခံစားရန် လျာဖြင့်နှုတ်ခမ်းများကိုသပ်လိုက်သည်

သည်မြင်ကွင်းကမော့ဟွားကိုသွားကာဆွဲဆောင်မိသွားသည်ကိုတော့ လီဝမ်ကသတိမထားမိလိုက်ပေ

မော့ဟွားရဲ့မျက်ဝန်းစိမ်းများရုတ်တရက်စူးရှသွားပြီး သူမကအမှတ်မထင် လီဝမ်ကိုလည်ပင်းကိုနိမ့်ချလိုက်ကာ ထပ်နမ်းလိုက်၏ သူတို့ဒီတခါတော့ ပြင်းပြင်းရှရှနမ်းမိကြသည်

နောက်ဆုံးမော့ဟွားအသက်ရှူတာပုံမှန်မဟုတ်မှ လီဝမ်ကလွှတ်လိုက်၏ လွှတ်ပြီးတာနဲ့လီဝမ်က သူမရဲ့မျက်နှာလေးကိုတစိမ့်စိမ့်ကြည့်နေမိသည်

သူမယုံနိုင်သေး ဒီမိန်းကလေး တကယ်ပဲသူ့ကိုချစ်နေတယ်ဆိုတာ အိမ်မက်လိုပါပဲ သူ့လိုအညတရနိုင်ငံက အိမ်ရှေ့စံကိုမှ ဒီနတ်ဘုရားမလေးကချစ်မိသွားသတဲ့လား ပြီးတော့လဲ သူမရဲ့အချစ်ကအရမ်းကိုခမ်းနားလွန်းနေသေးတာလေ

ဟိုလေးကောင်ကိုသူကကျော်တက်သွားပြီး ‌ဟွားဟွားရဲ့အချစ်ကိုရသွားတာ တကယ်ကံကောင်းလွန်းတယ်

သစ်ပင်ကိုမှီထားတဲ့သူမရဲ့ဆံပင်လေးတွေကိုကိုင်တွယ်ဆော့ကစားနေရင်း လီဝမ်ကဆိုသည်

"ဟွားဟွား အခု အကုန်လုံးကိုမှတ်မိသွားပြီပေါ့နော် "
"အင်းလေ နတ်ဘုရားအစွမ်းတွေလဲပြန်ရသွားပြီဆိုတော့ မှတ်ဉာဏ်တွေကလဲနဂိုအတိုင်းပဲပြန်ရလာတာပေါ့ "
"ဒါဆို ဝမ်းမနည်းဘူးလား ကိုယ့်ရဲ့ဇစ်မြစ်ကိုသိလိုက်ရတော့လေ "
"အင်း နဲနဲလေးပေါ့ ပြီးတော့ ဖြစ်ခဲ့တာကလဲကြာလှပြီလေ မယ်တော်ဖြစ်စေချင်တဲ့အရာတွေအကုန်လုံးကလဲပြီးစီးသွားပြီ ပြီးတော့ အခုသုံးလောကလုံးကလဲအေးချမ်းနေတာပဲလေ "

(Complete)ကြုံခဲလှသည့်ဖူးစာ ၾကံဳခဲလွသည့္ဖူးစာnormal(Oc) Zgi&UniWhere stories live. Discover now