52.zgi

894 39 0
                                    

ကြုံခဲလှသည့်ဖူးစာ

52.အိမ်မက်ကမ္ဘာထဲကပုံပြင်လေးတပုဒ်

နတ်မိစ္ဆာက အလှလေးကိုသေချာကြည့်လိုက်ပြီး တွေးနေပါတယ် ဖူချွမ်အသီးကို အလှလေးရလာထဲကနဲနဲထူးဆန်းနေတာ သာမာန်သေမျိုးတယောက်က ဘယ်လိုလုပ်ကောင်းကင်တိုင်းပြည်မှာမှရနိုင်တဲ့အသီးကို ရလာပါလိမ့်လို့သူတွေးမိပေမဲ့ ကံကောင်းပြီးရလာတယ်လို့သူတွေးနေတာ

အလှလေးက အဲ့ဒီဂိုဏ်းထဲကဖြစ်မှတော့ ဖူချွမ်အသီးကိုရလာတာမထူးဆန်းတော့ပါဘူး ဒါပေမဲ့ အလှလေးကသာမာန်သေမျိုးတယောက်ပဲလေ အဲ့ဒီဂိုဏ်းက နတ်ဘုရားတပိုင်းတွေပဲရှိနေတာမလား ဒါမှမဟုတ် သူတို့ရဲ့ဂိုဏ်းသားတွေလျော့သွားလို့များ သာမာန်သေမျိုးတွေတောင်လက်ခံလိုက်ရတာလား ကောင်ကင်တိုင်းပြည်နဲ့နတ်ဆိုးတိုင်းပြည်စစ်ပွဲဖြစ်တော့ အများဆုံးသေကြရတာ နတ်ဘုရားတပိုင်းတွေဆိုတော့ ရှားပါးကုန်မှာတော့အသေအချာပဲ

ဟားဟားဟား ငါတော့ မသေတော့ဘူး
ကံကောင်းချက် ငါတို့သခင်ကြီးမုက ကောင်းကင်တိုင်းပြည်ကိုကျူးကျော်သိမ်းပိုက်ဖို့ အဆင်သင့်ဖြစ်နေပြီဆိုတော့ ဒီသတင်းသာ ငါတို့သခင်ကြီးမုနားရောက်သွားရင် ငါ ကျိန်းသေပေါက်‌မြောက်စားခံရမှာပဲ ငါတော့ဒီသတင်းကို သခင်ကြီးမုနားကိုပြန်ပြောပြဖို့မစောင့်နိုင်တော့ဘူး ဟားဟားဟား

နတ်မိစ္ဆာကပြုံးပြုံးကြီးဖြစ်သွားပါတယ် ပြီးနောက် ဖျတ်ခနဲဆိုလီဝမ်ရှေ့ကပျောက်သွားပါလေရော

ရဲ့ယွင်က မျက်နှာတချက်ပျက်သွားပေမဲ့ ဘာမှမပြောတော့ပဲ လီဝမ်ကိုခေါ်ပြီး နတ်သမိုင်းဂိုဏ်းကိုပြန်လာခဲ့တယ်

မော့ဟွားကိုတော့ ဖူချွမ်အသီးနဲ့ကုထားပြီးပြီ ရက်အနဲငယ်အတွင်းမှာပြန်ကောင်းလာတော့မှာ ဒါတွေအားလုံးက လီဝမ်ကြောင့်ပါ ဒါကြောင့် သူတို့အားလုံးလီဝမ်ကိုအမြင်ကြည်သွားကြပြီ ပြသနာကတော့ မော့ဟွားပါပဲ ဖူချွမ်အသီးကြောင့် သူမရဲ့အရင်ဘဝကမှတ်ဉာဏ်တွေနဲ့သူမချန်ခဲ့တဲ့အစွမ်းတွေပါပြန်ရလာမှာ ပြီးတော့ နတ်ဘုရားတပိုင်းဖြစ်လာတော့မှာဆိုတော့ သူမက အခု လီဝမ်ကိုလက်ခံနိုင်မလားဆိုတာနဲ့ သူမရှေ့ရေးကိုဘယ်လိုဆုံးဖြတ်မလဲဆိုတာကိုပါ

(Complete)ကြုံခဲလှသည့်ဖူးစာ ၾကံဳခဲလွသည့္ဖူးစာnormal(Oc) Zgi&UniWhere stories live. Discover now