54.အနမ်းဆိုတာဒီလိုလား

1.3K 73 8
                                    


54.အနမ်းဆိုတာဒီလိုလား

မော့ဟွားက လီဝမ်ကိုစူးစိုက်ကြည့်နေတာကြောင့် လီဝမ်ရှက်ကိုးရှက်ကန်းဖြစ်လာခဲ့ပါတယ် သူမော့ဟွားနားကိုမသွားရဲတဲ့တခုတည်းသောအကြောင်းပြချက်က သူမကနတ်ဘုရားတပိုင်းဖြစ်သွားပြီး သူတို့အားလုံးကိုအသက်ရှူရပ်မတတ်ဖြစ်အောင် အရှိန်အဝါတွေထုတ်လွတ်ထားလို့ပါပဲ အင်းပေါ့ သူမလက်မခံတော့မှာဆိုးနေတာလဲပါတာပေါ့ ဒါကြောင့် သူက နေရာမှာတင်ပဲမတုန်မလှုပ်ကျောက်ရုပ်ကြီးလိုရပ်နေမိပါတယ်

မော့ဟွားက သလွန်ပေါ်ကနေ‌ခြေဆင်းလိုက်ပြီး လီဝမ်ဆီကိုလျောက်လာကာ သူရဲ့လက်ကိုကိုင်ဆွဲလိုက်ပြီး အားလုံးရဲ့ရှေ့မှာဖြတ်ခနဲဆိုပျောက်ကွယ်သွားပါတယ်

ကျန်နေခဲ့တဲ့သူတွေကတော့ အားလုံးပါးစပ်လေးတွေဟပြီးကျန်နေခဲ့ကြတာပေါ့

အင်းပေါ့ ဘယ်သူထင်ပါ့မလဲလေ မော့ဟွားတယောက်နိုးထလာတာနဲ့ချက်ချင်း လီဝမ်လက်ကိုဆွဲပြီးထွက်ပြေးသွားပါတယ်ဆိုရင် လူကြားဘယ်ကောင်းပါ့မလဲ အဲ့တော့ မော့ဟွားရဲ့လျစ်လျူရှူ့ခံလိုက်ရတဲ့ ရှစ်စွမ်းနဲ့ပိုင်ယီတို့တသိုက်ကတော့ စိတ်မကောင်းစွာနဲ့ပဲတောင်အောက်ကိုအသီးသီးပြန်ဆင်းကြရတော့တာပေါ့ အင်းပေါ့လေ သူတို့နတ်သမိုင်းဂိုဏ်းရဲ့တကယ့်အုပ်ချုပ်သူအစစ်ပေါ်လာပြီဆိုတော့လဲ ငါတို့ကချောင်ကပ်ပေးရတော့မှာပေါ့ ဟင့် လောကကြီးကမတရားဘူး ဝမ်းနည်းလိုက်တာ ဒါနဲ့ဒီကောင်မလေး ကတကယ်ပဲ သူ့ကိုအမျိုးမျိုးပဲ့ပြင်ဆုံးမပြီး သွန်သင်ပေးခဲ့တဲ့ငါ့ကိုတောင် သူရဲ့အချစ်လေးနဲ့ယှဉ်တော့ ပလစ်ခဲ့တယ်လား အဟား မုန်းစရာကောင်းလိုက်တာ

ရှစ်စွမ်းရဲ့လောကကြီးကိုခါးသီးနေတဲ့ပုံစံကိုကြည့်ပြိး တပည့်သံုးယောက်ကတော့ သူတို့ရဲ့ဆရာမသိအောင် ကျိတခွီနေလိုက်ပါတယ် သူတို့ရဲ့ဆရာကအမြဲတမ်း ထောင်လွားနေကြလေ အခုလိုသူရဲ့တပည့်မပစ်ပယ်သွားတာခံလိုက်ရတော့ ဘယ်လိုခံစားရလဲ ဟမ်
ဒါပေမဲ့ သူတို့အကုန်လုံးလဲ ပလစ်ခံလိုက်ရတဲ့သူတွေချည်းပါပဲနော် ဘယ်လိုလုပ်တယောက်ထဲခါးသီးနေရတာလဲ ဟွန့် မတရားလိုက်တာ

(Complete)ကြုံခဲလှသည့်ဖူးစာ ၾကံဳခဲလွသည့္ဖူးစာnormal(Oc) Zgi&UniWhere stories live. Discover now