67.zgi

726 26 2
                                    

ကြုံခဲလှသည့်ဖူးစာ

67.နောက်ဆုံးတော့

လီဝမ်ရဲ့မျက်လုံးများဟာ သာမာန်အညိုရောင်ကိုပြောင်းလဲသွားပြီး သူရဲ့အသိစိတ်ကနောက်ဆုံးတော့ပြန်လည်လာပါပြီ

မီးခိုးငွေ့တွေတလူလူနဲ့ ခေါင်းတွေလဲပြန့်ကျဲနေသလို  ရုပ်ဆိုးဆိုးနဲ့သရဲလိုကောင်တွေနဲ့ အရောင်အဝါထွန်းတောက်နေတဲ့နတ်စစ်သည်တွေ တိုက်ခိုက်နေကြတာကို သူမြင်နေရပါတယ်

အိုး တကယ်ပဲထူးဆန်းလိုက်တာ သူနောက်ဆုံးမြင်ခဲ့တဲ့မြင်ကွင်းကဒါမဟုတ်ဘူးလေ သူနောက်ဆုံးမြင်ခဲ့တာက သူအိပ်ဆောင်ထဲကို ရီလျိုချင်းဝင်လာပြီး အရက်သောက်ကြရင်း နောက်ဆုံးသူမဟန်နိုင်တော့ပဲ လှဲကျသွားတာပါ ဘယ်လိုလုပ်ပြီး ဒီထဲရောက်နေတာပါလိမ့်

"အင်းးးး"

ကြားလိုက်ရတဲ့ညီးညူသံသဲ့သဲ့လေးကြောင့် လီဝမ်တကိုယ်လုံးတုန်တက်သွားပါတယ် သူခေါင်းငုံကြည့်လိုက်တော့ သူ့ကိုမော့ကြည့်နေတဲ့ သလင်းကျောက်လိုကြည်လင်နေတဲ့ မျက်ဝန်းတစုံနဲ့သွားတိုးမိလိုက်ပါတယ်

"ဟွားဟွား?"
"ဝမ်လေး "
"အင်း ကိုယ်လေ "
"နောက်ဆုံးတော့ ရှင်ပြန်လာပြီပေါ့ "
"အင်း ပြန်လာပြီ ဟမ် သွေး သွေးတွေ ဟွားဟွား ဒဏ်ရာရထားတာလား "
"မပြောပလောက်ပါဘူး ဘယ်လိုပဲဖြစ်ဖြစ် ဝမ်လေးပြန်ရောက်လာပြီပဲ တန်ပါတယ် "

သူ့ကြောင့် သူ့ကြောင့်တဲ့လား သူ့ကြောင့်ဟွားဟွားသွေး‌တွေထွက်နေတယ်တဲ့လား သူ့ကြောင့်သူမရဲ့အဖြူရောင်ဝတ်ရုံကအနီရောင်‌တောင်ပြောင်းသွားပြီလေ အဲ့တာတောင်တန်ပါတယ်တဲ့လား ရင်နာလိုက်တာ ဟွားဟွားရယ် ကိုယ်အသုံးမကျတာပါ ကိုယ့်ကြောင့်ပါ

"ကိုယ်အသူံးမကျလို့   "
"ရှူးးးးးးး မပြောတော့နဲ့အဲ့ဒါကို "
"ဘယ်လိုဖြစ်သွားတာလဲ "
"အဲ့ဒါက "

မော့ဟွားရှင်းပြမလို့လုပ်နေတဲ့အချိန်မှာပဲ သူ့သားရဲ့အသိစိတ်ပျောက်ကွယ်သွားတာကိုသိလိုက်တဲ့မူတန်းက အော်ဟစ်ကာ မော့ဟွားဆီ ပျံသန်းလာပါတော့တယ်

"ကူးဟွားဟွား မင်းကများအတင့်ရဲလို့ ငါသားကိုသတ်ရဲတယ်ပေါ့ မင်းကိုငါကိုယ်တိုင်သတ်ပြီး မင်းဝိဉာဉ်ကို နတ်ဆိုးတိုင်းပြည်မှာတသက်လုံးကျွန်ပြုထားမယ်ကွ အားးးးးးးးးး"

(Complete)ကြုံခဲလှသည့်ဖူးစာ ၾကံဳခဲလွသည့္ဖူးစာnormal(Oc) Zgi&UniWhere stories live. Discover now