16.ရန်စခံရခြင်း ရန္စခံျခင္း

2.2K 186 3
                                    

မော့ဟွားက ဘုရင်ကိုကြည့်လိုက်သည် ဘုရင်မျက်နှာမှာကြည်လင်နေပြီး သူ့ပတ်ဝန်းကျင်မှနဂါးအရှိန်အဝါများသည်အားကောင်းစွာပျံ့လွင့်နေသည်
ဒါကြောင့်လဲသူက တိုင်းပြည်အားလုံးရဲ့ဧကရာဇ်ဖြစ်ခဲ့တာပဲဖြစ်သည်

"ဖူး"

မော့ဟွားကရေနွေးသောက်ရင်းမှ ဘုရင်ဘေးမှမိဘုရား‌ကိုကြည့်မိလိုက်ရာ ရေနွေးပင်ထွေးထုတ်မိသွားသည်အထိဖြစ်သွားသည် သူ၏ဘေးမှဘုရင်မမှာမူ အနက်ရောင်အရှိန်အဝါများပျံ့လွင့်နေသည်

ဒါ ဒါက သူမ မကြာခင်မှာသေတော့မှာလို့ဆိုလိုတာမဟုတ်ဘူးလား အနက်ရောင်အရှိန်အဝါက သူမရဲ့သေဘေးကနီးကပ်လာပြီဖြစ်ကြောင်းသက်သေပဲလေ

မော့ဟွားရေနွေးသီးသွားတာကြောင့် ဘေးနားကမင်းသားလေးယောက်ကလဲအရမ်းကိုပျာယာခတ်သွားကြ၏ သူတို့၏အပြုအမူမျ‌ားကြောင့် ဘေးနားကလူအပေါင်းကလဲသူမကိုသတိပြုမိသွားကြသည်

မို့လျန်းချန်က

"မေ့မေ့ရယ် ‌ေြဖးဖြေးသောက်ပါကွာ ဘယ်သူကလုသောက်နေလို့လဲ"

လုသောက်တယ် ဘယ်သူကလဲ ???

ရှောင်လော့ဝေက

"ဘာမြင်သွားလို့လဲ "

သူမဒီတခါတော့ ‌ေ‌ရှာင်ကောကောကိုလှည့်ကြည့်မိသွားသည် သူတကယ်ကြီးတွေ့သွားတာပဲ တကယ်ကြီးကိုလေ

ရှောင်လော့ဝေက မော့ဟွားကိုမျက်လုံးမှိတ်ကာစလိုက်၏ သို့သော် မော့ဟွားက မျက်လုံးကြီးပြူးကာသူ့ကိုကြည့်နေဆဲ

အဟက် ဒိကောင်မလေးရဲ့စိတ်ဝင်စားမူ့ကိုယူရတာထင်သလောက်မခက်ဘူးပဲ သူမက တကယ့်ြဖူစင်တဲ့ကလေးလေးပဲ သူသဘောကျစွာပြုံးမိသွားသည် သူတစ်ဘဝလုံးမှာမိန်းကလေးတယောက်ကိုစတင်သဘောကျမိတာ ပထမဆုံးပဲဖြစ်သည် သူမကထူးြခားတယ် ဒါကြောင့်လဲသူပိုပြီးစိတ်ဝင်စားမိတာလားမသိပေ

ရုတ်တရက် မော့ဟွားကထလာကာသူ့ဘေးနားလာထိုင်တာကြောင့် သူအံ့ဩသွား၏

မင်းသားလေးယောက်။ ။ ".............."

ပြီးနောက်သူ့ကိုလက်ယပ်ခေါ်ကာ နား နားလေးတိုးတိုးလေးကပ်ကာပြောသည် နားထောင်ပြီး‌သွားတော့ သူတကယ်ပဲလန့်သွားသည်

(Complete)ကြုံခဲလှသည့်ဖူးစာ ၾကံဳခဲလွသည့္ဖူးစာnormal(Oc) Zgi&UniWhere stories live. Discover now