2.1K 169 2
ရှောင်ပိုင်ကသာဆဲဆိုကျိမ်းမောင်းနေတာ ဟိုက ပစ်ပြီးသွားလို့ဘယ်ရောက်သွားမှန်းတောင်မသိတော့ဘူး
နောက်ဆုံးတော့ ငါရဲ့ဇိမ်ယူတဲ့နေရာလေး ငါ့သစ်ပင်လေး အား။ငါ့မြင်ကွင်းလေး အကုန်မီးကျွမ်းပြီးကျန်ခဲ့ပြီ ဟင့် ငါ့ရဲ့ရှင်သန်ခြင်းစွမ်းရည်နဲ့တောင်အလုပ်မဖြစ်နထုင်တော့ဘူး နှမြောလိုက်တာ
ရှင်သန်ခြင်းစွမ်းရည်ကမိုးကြိုးသင့်ထားတဲ့အရာတွေအပေါ်အလုပ်မဖြစ်ပေ အဲ့ဒါကြောင့် မော့ဟွားအော်သည်းနေရခြင်းဖြစ်၏
ရုတ်တရက်မော့ဟွား ရှောင်ပိုင်ကိုမျက်ထောင့်နီနဲ့ကြည့်လိုက်၏
အကြည့်ခံရသောရှောင်ပိုင်မှာတွန့်ခနဲဖြစ်သွားလျက်
"ငါ ငါလဲစိတ်တိုလို့ပါ နင့်ကိုမမေးနဲ့လို့ပြောတယ်လေ သူပဲနားမထောင်ပဲနဲ့ "
ထိုအခါမှ မော့ဟွားမှာ သူမအပြစ်သူမသတိရသွားလျက် ငြိမ်သွား၏
ဟုတ်သားပဲ ငါကပဲသွားစပြီးတော့
ဟိုကဧကရာဇ်လီဆိုရင်ရတာမဟုတ်တာကိုငါမေ့သွားတယ်
တကယ်တော့ ရှောင်ပိုင်က‌နတ်ပြည်ကိုအစိုးရတဲ့ဧကရာဇ်လီရဲ့အရင်းနှီးဆုံးသူငယ်ချင်းဖြစ်သည် သူလူဖန်ဆင်းနိုင်တုန်းကဆို အရမ်းချောလွန်းလို့နတ်ပြည်ကအလှလေးတွေဝိုင်းဝိုင်းလည်ခဲ့၏ သူကလဲမာနကြီးကာအဖတ်မလုပ် ဟောအဖတ်လုပ်မဲ့လုပ်တော့လဲ ဆံပင်ပြာပြာ‌ေလးနဲ့ရေသူမလေးကိုမှချစ်မိသတဲ့ ကံဆိုးချင်တော့ ဟိုကဧကရာဇ်လီကိုချစ်တာ ရေသူမလေးကလဲ ဧကရာဇ်လီအနားကပ်ချင်တော့ ရှောင်ပိုင်ကိုအကပ်ခံခဲ့တယ်
ဧကရာဇ်လီနဲ့နီးစပ်သွားပြီးလက်ထပ်တော့မဲ့အချိန်ကျတော့ရှောင်ပိုင်ကမမျော်လင့်ပဲသိသွားတော့တယ် ရေသူမလေးကိုသတ်ပစ်ခဲ့ကာ နတ်ပြည်တခုလုံးကိုလဲသောင်းကျန်းပစ်ခဲ့သည် တကယ်တော့ ရေသူမလေးကိုရှောင်ပိုင်ကြိုက်တာမသိခဲ့တာကြောင့် ရေသူမလေးကိုလက်ခံခဲ့တာပဲဖြစ်သည် သူသိတော့ရှောင်ပိုင်ကနတ်ပြည်တခုလုံးကိုပတ်မွှေနေပြီးနေပြီ ရှင်းပြလို့လဲမရတော့ ဧကရာဇ်လီလဲစိတ်ဆိုးသွားပြီးတော့ နတ်ပြည်ကိုဖျက်ဆီးတဲ့အပြစ်အနေနဲ့ ရှောင်ပိုင်ကိုအစွမ်းတွေဖျက်ဆီးပစ်ကာ ကံကြမ္မာစက်ဝန်းထဲပစ်ချ၍မော့ဟွားနှင့်အသက်ကြိုးချည်စေလိုက်ပြီး ကျင့်ကြံဆင့်ကိုလဲအစကပြန်စစေခဲ့၏ ထိုအချိန်မှစ၍ ရှောင်ပိုင်က ဧကရာဇ်လီကိုရန်သူသဖွယ်သာဆက်ဆံတော့သည် မချစ်ဖူး၍အချစ်ရူးဖြစ်ခဲ့၏ ရေသူမလေးကိုသူပိုင်ဆိုင်ရာ နတ်ဘုံတွင်ထားပြီး ဘယ်လောက်ပဲစိတ်ကြိုက်ခြယ်လှယ်‌ပါစေ ဘယ်လောက်ပဲအနိုင်ယူပါစေ အမြဲခွင့်လွတ်ပေးခဲ့၏ အမြဲတမ်းပြုံးနေကာ စစ်ထွက်ရတိုင်းလဲမငြီးငြူတတ်ပေ သွက်လက်ကာတက်ကြွသောနတ်ဘုရားပျိုလေးတပါးဖြစ်ပြီး ရေသူမလေးတယောက်ကိုသာအမှန်တကယ်ချစ်ကြိုက်ခဲ့ဖူးလေသည်
ထို့ကြောင့် အဖြစ်မှန်များအားလုံးသိခဲ့ရချိန်တွင်ဖြေမဆည်နိုင်ဖြစ်ခဲ့ပြီး ရေသူမလေးကိုသတ်ပစ်ခဲ့တာဖြစ်သည် ဧကရာဇ်လီကိုသတ်ချင်ပေမဲ့လဲ ဟိုကသူ့ထက်တန်ခိုးအရာမှာကြီးတာကြောင့် ဘာမှမတတ်နိုင်ပဲလက်လျော့ခဲ့ရတာဖြစ်၏
ဒါတောင်မှ လေးငါးခေါက်လောက်တိုက်ခဲ့ကြသေးသည် ဧကရာဇ်လီကအလျော့ပေးတိုက်ခဲ့၍သာ နတ်သက်မကြွေခဲ့တာဖြစ်သည်
(Complete)ကြုံခဲလှသည့်ဖူးစာ ၾကံဳခဲလွသည့္ဖူးစာnormal(Oc) Zgi&UniWhere stories live. Discover now