Extra chapter .2

2.5K 54 0
                                    

ကြုံခဲလှသည့်ဖူးစာ

Extra chapter .2

"ဟေး ယူတို့ ဟိုမှာကြည့်လိုက်စမ်း ဆ့ပင်ထုံးထားတဲ့ကိုယ်တော်လေး သိပ်မိုက်တာပဲကွာ "

"‌သားကြီး ဟိုဆော်လေးက အလန်းစားလေးဟ "

"သူ့ဘေးက ကောင်မလေးက သူ့ချစ်သူများလား "

"အယ် ကြည့်စမ်း သူတို့ဆံပင်ထုံးထားတာအတူတူပဲ "

"အေးဟယ် ငါက ဆံပင်ရှည်တွေနဲ့ဘီးကျဲတွေဆိုရင် အသေမုန်းတာ အခုတော့ ငါ့နှလုံးသားလေးက ဆံရှည်ကိုယ်တော်လေးကိုကြိုက်နေပြီ‌တဲ့ အိုးခိုင်မော့ မြတ်စွာဘုရားကယ်ပါ"

"ဟဲ့ ကမ သူ့မှာပိုင်ရှင်ကြီးနဲ့ဟဲ့"

"အရမ်းချောတာပဲဟယ်"

မော့ဟွားတယောက် တီးဆိုင်ထိုင်ရင်း ဘေးနားက ရွစိထိုးနေတဲ့ ကောင်မလေးတွေရဲ့စကားသံတွေကိုနားထောင်ရင်း စူပုတ်လာပါတယ်

သူမနဲ့ဝမ်လေးက ခေတ်သစ်ကိုအလည်လာခဲ့တယ်ဆိုပေမဲ့ ဝမ်လေးက ဒီမှာဒီလောက်ထိထင်ရှားနေလိမ့်မယ်လို့မတွေးမိဘူးလေ သူမရဲ့စူပုတ်နေမူ့ကိုသိလိုက်တဲ့ ဝမ်လေးက သူမပါးကိုခပ်ဖွဖွလေးနမ်းကာ ချော့လိုက်ပိါတယ်

"သူ့တို့ပြောတာနားမထောင်နဲ့ ကိုယ်ကမင်းအပိုင် ကိုယ်က မင်းအတွက် သီးသန့်ပဲ "

လီဝမ်ရဲ့ နမ်းရှိုက်မူ့က တီးဆိုင်အတွင်းမှာ ရိုက်ခတ်မူ့ တော်တော်ဖြစ်သွားပါတယ်

"အာ ငါပြောသားပဲ သူ့ကောင်မလေးပါဆို "

"ငါ့အသည်းတွေတော့ကွဲပါပြီဟယ် "

"အားရိုးရိုး မိုးနတ်မင်းရယ် ငါကြွေလိုက်တဲ့ ကောင်လေးတိုင်းမှာ ဘာကြောင့်များ ချစ်သူတွေရှိပြီးသားဖြစ်နေရတာလဲ "

"ချစ်တတ်လိုက်တာ အိုက်စ် "

"ငါလဲအဲ့လိုကောင်လေးလိုချင်တယ်"

ဝမ်လေးရဲ့အပြုအမူကြောင့် ဘဝင်လေဟပ်သွားတဲ့ မော့ဟွားက ကောင်မလေးတွေအကုန်လုံးကို‌ဝေ့ကြည့်လိုက်ကာ
မျက်ခုံးပင့်ပြလိုက်ပါတယ်

တီးဆိုင်ထဲက တီးတိုးသဖန်းပိုးလုပ်နေတဲ့ကောင်‌မလေးတွေအားလုံး မျက်ဖြူသာလန်ပြနိုင်တော့တယ်လေ

🎉 You've finished reading (Complete)ကြုံခဲလှသည့်ဖူးစာ ၾကံဳခဲလွသည့္ဖူးစာnormal(Oc) Zgi&Uni 🎉
(Complete)ကြုံခဲလှသည့်ဖူးစာ ၾကံဳခဲလွသည့္ဖူးစာnormal(Oc) Zgi&UniWhere stories live. Discover now