51.ရင်ခွင်ထဲကိုလာ

1.2K 74 0
                                    


51.ရင်ခွင်ထဲကိုလာ

အမှန်ကတော့ လီဝမ်တယောက်အားတစက်ကလေးမှမရှိတော့ပါဘူး ရူးသွပ်လုလုတိုက်ခိုက်နိုင်တာစိတ်တခုထဲကြောင့်ပါ

အခုချိန်မှာသူ့ခေါင်းထဲတခုပဲရှိပါတော့တယ်
' ရွံစရာကောင်းလိုက်တာ ' ဆိုတာပါပဲ

နတ်မိစ္ဆာခေါင်းဆောင်ကတော့ ဒီကောင်လေးကိုအရမ်းပဲစချင်နေပါတယ် သူကအကွေးလေးဆိုပေမဲ့ စည်းရှိတဲ့သူပါ လက်ခံပြီးဆန္ဒရှိတဲ့သူတွေနဲ့ပဲဆက်ဆံတတ်တဲ့သူပါ ဒါပေမဲ့ ဒီအဖြောင့်ကောင်လေးကိုအရမ်းပဲသဘောကျနေပါတယ် အသည်းယားပြီးကွေးအောင်ကိုလုပ်ပစ်ချင်နေပါတယ်
ဒါပေမဲ့ တကယ့်အဖြောင့်သမားတွေကဘယ်တော့မှမကွေးကြဘူးတဲ့‌ေလ အဲ့ဒီနိယာမကြောင့်သာသူစိတ်လျော့ထားရပါတယ်
သူကသေရတော့မယ်ဆိုတာသိပေမဲ့လဲ ခပ်ပျော်ပျော်ပါပဲ အနည်းဆုံးတော့ သူလူ့ဘုံကိုပြန်ဝင်စားနိုင်တာပဲလေ သူတို့သခင်ကြီးမုကအရမ်းကိုစိတ်ကြီးတာ ဒါကြောင့်သူမလွတ်နိုင်တာသိနေပါတယ် ကျိန်းသေပေါက်သေရမှာဆိုတော့ ဒီအလှလေးနဲ့တော့ရအောင်ပျော်ပါးသွားချင်ပါသေးတယ် သူ့ကိုဒီအလှလေးကသေအောင်သတ်နိုင်လဲ သူကပျော်ပျော်ကြီးသေပေးလိုက်ရုံပေါ့လေ

သူကတခါသံကြိုးနဲ့ပစ်ကာဖမ်းလိုက်ပြီး သစ်ပင်နားမှာတုတ်နှောင်ထားလိုက်ပါတယ် ပြီတီတီအပြုံးတခုကိုဆင်မြန်းထားလိုက်ရင်း

"အလှလေး ကိုယ်နဲ့ကစားပေးမလား"
"မင်းဖင်ကြီးကိုပဲကစားပါလား "
".........."

လီဝမ်တယောက်သံကြိုးနဲ့အတုတ်ခံထားရလို့အရမ်းကြီးဒေါပွ‌‌ေနပါတယ် ဒီအချိန်မှာသူအလုပ်ချင်ဆုံးတခုကတော့ သူ့ရှေ့ကလူ အဲ သရဲ
ဟမ့် သရဲရောဟုတ်ရဲ့လားမသိဘူး အဲ့လူလိုလိုသရဲလိုလိုအကောင်ကိုသတ်ချင်နေတာပဲရှိတာပါ

"ငါ့ကိုတခုခုလုပ်ရဲလုပ်ကြည့်စမ်း မင်းအရိုးတခြားအသားတခြားမဖြစ်ရင်ကြိုက်သလိုပြော မင်းကိုကျိန်းသေပေါက်အရေခွံနွာပစ်မယ် "

လီဝမ်တခုမေ့နေတာကတော့ နတ်မိစ္ဆာကညှာထားလို့သာသူအသက်ရှင်နေတယ်ဆိုတာကိုပါ မဟုတ်ရင်သံကြိုးကိုလွဲလိုက်တာနဲ့ကျိန်းသေပေါက်ပြာဖြစ်သွားမှာပါ
အဲ့တာကိုမသိပဲ လီဝမ်က အားရပါးရကိုစိန်ခေါ်စကားပြောနေပါတော့တယ်

(Complete)ကြုံခဲလှသည့်ဖူးစာ ၾကံဳခဲလွသည့္ဖူးစာnormal(Oc) Zgi&UniOù les histoires vivent. Découvrez maintenant