26.နယ်မြေလုစစ်ပွဲ နယ္ေျမလုစစ္ပြဲ

2K 191 9
                                    


အားလုံးကမော့ဟွားကိုငေးကြည့်နေကြသည်
ရဲမက်များ၏ရင်ထဲတွင် သူမကနတ်သမီးတပါးအသွင်ဖြစ်နေ၏
သူမကငြိမ်းချမ်းရေးနတ်သမီးများလား အရမ်းကိုလှတာပဲ အရမ်းကိုပြည့်စုံလွန်းနေတယ် ငါသာသူမချစ်သူဖြစ်ခွင့်ရရင် ‌မီးပင်လယ်ကိုဖြတ်ပြီး တောင်အသွယ်သွယ်ကို‌ေတာင်‌ေကျာ်ရဲပါတယ်
ရဲမက်များစိတ်ကူးယဉ်နေတုန်း သူမဆီကသာယာနာပျော်ဖွယ်ကောင်းသောချိုမြိန်သည့်အသံလေးသည် နောက်တဖန်ထပ်ထွက်လာလေရာ အားလုံးသောပုကိသယောကျာ်းများမှာ သူမအသံလေးထဲတွင်မျောပါသွားကြပြန်သည်

"ကဲ ‌ကျွန်မက ကြားလူပါ ပိုင်တိုင်းပြည်ကလဲမဟုတ်သလို လီတိုင်းပြည်နဲ့လဲဘာမှမဆိုင်တဲ့သူပါ ဒါပေမဲ့ လူသားချင်းစာနာတတ်တဲ့စိတ်ကလေးတော့ရှိတယ် ဒါကြောင့် တိုင်းပြည်နှစ်ခုထပ်ပြီး မထိခိုက်ရအောင် မပျက်ဆီးပဲနဲ့ အလဟသအသက်တွေမသေတော့အောင် ကြားဝင်ရှင်းပေးတဲ့သဘောပါ "

ခနကြာအောင်တိတ်ကျသွားပြီးမှ
လီဘုရင်က စတင်ဆွေးနွေးလိုက်၏

"ဒါဆိုရင် လိုရင်းပဲပြောမယ် ပိုင်တိုင်းပြည်နဲ့လီတိုင်းပြည်ကြားက လုံတီးမြို့ကိုလိုချင်တယ် အဲ့ဒီအတွက် လီတိုင်းပြည်ကိုတောင်းဆိုလို့ရတယ် အလွန်အကျူးမဖြစ်မချင်း လိုက်‌ေလျာပေးမယ်"

မော့ဟွားက

"ကဲ ဒီဘက်ကပိုင်တိုင်းပြည်ကပြောပါ "
"မဖြစ်နိုင်ဘူး အဲ့တာပိုင်တိုင်းပြည်ပိုင်နက်ဖြစ်တဲ့အပြင် ပိုင်တိုင်းပြည်ကိုထိုးဖောက်ဝင်လာဖို့လဲအနီးဆုံးနေရာပဲ "

မော့ဟွားမှာအကျပ်ရိုက်သွားရ၏ သူတို့စစ်ဖြစ်ရသည့်အကြောင်းအရင်းကိုလဲမော့ဟွားသိသွား၏ တကယ်တော့ စစ်ပွဲကိုအမည်တပ်ရလျှင် နယ်မြေလုစစ်ပွဲလို့အမည်တပ်ရမှာပင်
ဆိုတော့ကာ နှစ်ဖက်စလုံးအလျောပေးဖို့မရှိဘူးဆိုရင်တော့ စစ်ပွဲကဆက်ဖြစ်မှာပဲ စစ်ပွဲရပ်တန့်အောင်လုပ်မယ်ဆိုပြီးကြွေးကြော်ထားတာ တစ်နာရီမပြည့်ခင် ‌သူမအသက်ကအန္တရယ်ရှ်ိနေပြီ

"ကဲ ဒါဆို လီတိုင်းပြည်ဘက်က လုံတီးကိုဘာကြောင့်လိုချင်ရတာလဲ အကြောင်းပြချက်ပေးပါဦး တိုင်းပြည်နှစ်ခုကအိမ်ရှေ့စံတွေက ဆွေးနွေးပေးကြပါ "

(Complete)ကြုံခဲလှသည့်ဖူးစာ ၾကံဳခဲလွသည့္ဖူးစာnormal(Oc) Zgi&UniWhere stories live. Discover now