62.zgi

770 31 0
                                    

ကြုံခဲလှသည့်ဖူးစာ

62.ချစ်သူဆီသို့

တက်ကြွနေတဲ့လီနဲ့ မော့ဟွားတို့ နှစ်ယောက် နတ်သမိုင်းဂိုဏ်းဆီသို့သွားလိုက်ကြ၏ နတ်သမိုင်းဂိုဏ်းတွင်လဲတိုင်းပြည်ငါးခုကဘုရင်များစုဝေးနေကြပြီးဖြစ်သည် ကူးချုံးနဲ့စည်းဝေးနေကြပြီး မော့ဟွားနဲ့လီ ဝင်လာကြတော့ ခန်းမကတိတ်ဆိတ်သွား၏ နောက်‌တော့ သူတို့ဘယ်လိုစစ်ကြောင်းသွားမယ်ဆိုတာဆုံးဖြတ်ပြီးချိန် စစ်သည်တော်တွေကလဲအဆင့်သင့်ဖြစ်နေကြပြီ ထုံးစံအတိုင်း စစ်ထွက်ခါနီး စစ်သွေးကြွအောင် စစ်သူကြီးများကမိန့်ခွန်းပြော‌တတ်ကြသည်ဖြစ်ရာ ယခုခေါင်းဆောင်သွားကြမည့်သူအားလုံး မော့ဟွားအပါအဝင် ရှစ်ယောက် အားလုံးမိန့်ခွန်းပြောကြ၏ မော့ဟွားအလှည့်ရောက်တော့ သူမကခပ်တည်တည်ပဲ စင်ပေါ်တက်သွားကာ

"အားလုံးပဲ ဒီစစ်ပွဲနောက်ကွယ်မှာ မင်းတို့ရဲ့အလေးထားသူတွေကစောင့်နေတာဆိုတာသတိရပါ ဒါကြောင့် မြဲမြဲမှတ်ထား မင်းတို့အားလုံးအသက်ရှင်ပြီးပြန်လာကြရမယ်ဆိုတာ "

ပြီးနောက် မော့ဟွားက စစ်တပ်အင်အားကိုထိန်းချုပ်ကာ အောက်ဘုံကိုချီတက်သွားကြလေတော့သည်

ရှောင်ပိုင်ကိုစီးကာ တင့်တယ်လှပနေသော မော့ဟွားကိုကြည့်ကာ လီခေါင်းရမ်းလိုက်၏ သူအမှန်ကိုသူမထံထပ်ကျရှူံးသွားမိပြန်ပြီ

သူဟိုတခါတုန်းက ကောင်းကင်ဘုံခန်းမကိုရောက်လာခဲ့တဲ့ မျက်ဝန်းကြည်ကြည်လေးများနှင့်‌သေမျိုးကောင်လေးကိုသတိရမိလိုက်၏
အသားညိုညိုလေးနဲ့ချစ်ဖို့ကောင်းတဲ့ကောင်လေးက သူမရဲ့အချစ်ကိုရရှိခဲ့တယ်တဲ့လား

ရုတ်တရက်ကြီး လီဝမ်ကိုသူမနာလိုမိသွားတယ် သူမရဲ့အချစ်ကိုရရှိထားတဲ့ တဦးတည်းသောသူ သူမရဲ့အချစ်ဦးဖြစ်သလို သူမရဲ့လက်ရှိရည်းစားလဲဖြစ်တဲ့သူ မင်းအရမ်းကံကောင်းတာပဲ လီဝမ် မင်းချစ်သူကမင်းအတွက် စစ်ပွဲတောင်တိုက်ဝံ့တယ် အသက်လဲပေးဝံ့တယ် ကြည့်ပါဦး သူမဘယ်လောက်ထည်ဝါနေလဲ လှပနေလဲဆိုတာ အဲ့ဒါတွေအားလုံးငါနဲ့မဆိုင်တော့ပေမဲ့ သူမအချစ်ကိုရှာတွေ့သွားတာ သူတကယ်ဝမ်းသာတယ်

(Complete)ကြုံခဲလှသည့်ဖူးစာ ၾကံဳခဲလွသည့္ဖူးစာnormal(Oc) Zgi&UniWhere stories live. Discover now