73.သာယာနေချိန်လေးများ

1K 64 6
                                    

73.သာယာသောအချိန်လေးများ

နတ်ဘုရားမိုးကြိုးစင်မြင့်ထက်တွင် အရှိန်အဝါကြီးကာ မြင့်မြတ်ရောင်စဉ်များ ဖြာထွက်လာပြီး အစိမ်းရောင်ဝတ်ရုံ အစိမ်းရောင်ယပ်တောင် အစိမ်းရောင်ခေါင်းစည်း အစိမ်းရောင်မျက်ဝန်းများနှင့် နတ်ဘုရားတပါးပေါ်ထွက်လာလေသည်

အနှီနတ်ဘုရားက  မော့ဟွားထံသို့ဖြေးညင်းစွာပျံသန်းသွားပြီး အသာအယာပွေ့ချီလိုက်သည် ‌လက်တချက်သပ်လိုက်ရုံဖြင့် မော့ဟွားတွင်ရှိသောဒဏ်ရာများအားလုံးပျောက်ကွယ်သွားပြိး မျက်နှာလေးကသွေးယောင်ပြန်လွှမ်းလာကာ လန်းဆန်းလာ‌ေလတော့သည်

သူရဲ့အရှိန်အဝါကကြီးလှသောကြောင့် ခန်းမအတွင်းရှိနတ်ဘုရားများအားလုံးတောင်တလုံးဖိထားသည့်နှယ် အသက်ရှူမဝဖြစ်ကြရပြီး မလှုပ်ရှားနိုင်ကြပေ

လီဝမ်ရဲ့အရှိန်အဝါအရောင်အဆင်းနှင့်နဖူးပေါ်ကသစ်ရွက်ပုံအမှတ်‌အသားလေးကိုတွေ့လိုက်ရချိန်မှာတော့ ခန်းမထဲရှိနတ်ဘုရားများအားလုံးရှော့ဖြစ်သွားကြလေတော့သည်

" အဲ့ အဲ့ အဲ့ဒါက  လောကနတ်ဘုရား သစ်စိမ်ဧကရာဇ်အမှတ်အသားကြီးမလား"
"ထျန်းနာ ငါဘာမြင်လိုက်တာလဲ"
"မဖြစ်နိုင်ဘူး"
"အဆင့်မြင့်နတ်ဘုရားတန်းဖြစ်သွားတာပဲ "
"သစ်စိမ်းဧကရာဇ်က ထပ်ပြိးမွေးဖွားမလာတော့ဘူးဆို"
"ဘာလိုတွေတောင်"
"ဒါဆိုသူက လီနဲ့တန်းတူအဆင့်အတန်းပဲ"
"ကောင်းကင်တိုင်းပြည်မှာဧကရာဇ်နှစ်ပါးရှိလာပြီပေါ့ ဒါဆိုရင်တော့ ဒီသတင်းကြားရင် သုံးလောကမှာ လှုပ်ခတ်သွားဦးတော့မယ်"

ထိုစဉ်မော့ဟွား၏နှုတ်ခမ်းဖျားမှ တီးတိုးခေါ်သံလေးထွက်ပေါ်လာလေသည်

"ဝမ် လေး ဝမ်လေးလား"
"အင်း ကိုယ်ပါ "
"အရမ်းပြောင်းလဲသွားတယ် "
"အင်း ဒါပေမဲ့ ကိုယ့်ရဲ့ချစ်တဲ့စိတ်ကတော့မပြောင်းလဲပါဘူး "
"ဝမ်လေးကိုဆုံးရှူံးလိုက်ရပြီထင်နေတာ"
"ကိုယ်ရော ဟွားလေးကိုပြန်မတွေ့ရတော့မှာစိုးနေတာ  "
"အဟင့် အဟင့် "
"မငိုတော့နဲ့နော် နောက်ဆိုဘယ်တော့မှဟွားလေးအနားကခွဲမသွားတော့ဘူး "
"တကယ်နော် "
"ကိုယ်မညာပါဘူး"

(Complete)ကြုံခဲလှသည့်ဖူးစာ ၾကံဳခဲလွသည့္ဖူးစာnormal(Oc) Zgi&UniWhere stories live. Discover now