36.zgi

974 40 0
                                    

ကြုံခဲလှသည့်ဖူးစာ

36.သူ သေမှာလား

သူတို့အားလုံးရှစ်စွမ်းအဲ့လောက်ထိဒေါသထွက်နေတာမမြင်ဖူးကြဘူး တပည့်နှစ်ယောက်လုံးတုန်သွားပြီး ‌ကြောက်လွန်းလို့ခေါင်းငုံထားကြတယ် ရှစ်စွမ်းကတော့ မော့ဟွားပက်ဖျန်းသွားခဲ့တဲ့အပင်တွေပေါ်ကသွေးစက်ကလေးတွေကိုကြည့်ရင်း မျက်နှာမဲမှောင်လို့နေတယ် ကြည့်ရတာ ဒိတခါအရမ်းကိုတင်းကြပ်ထားတဲ့ပုံပဲ အြ့ဒါကိုတောင်အဲ့ကလေးမလေးကရအောင်ထွက်သွားလိုက်သေးတယ် အကို3ကအကို1ကိုလှမ်းကြည့်ပြီးမျက်လုံးပြူးပြလိုက်တယ် ဒါကိုတွေ့ပေမဲ့လဲ အကို1ကလုံးဝကိုလှုပ်မလာဘူး
အိုင်းရား‌ကျောက်တုန်းကြီးရေ ဟွားဟွားကိုရှစ်စွမ်းအပြစ်ပေးပေါ့လျော့အောင်နဲနဲကူပြောပေးလေကွာ မဟုတ်ရင် ဟွားဟွားကျိန်းသေပေါက်လွယ်တော့မှာမဟုတ်ဘူး လေးကိုမင်းကလျစ်လျူရှူ့လိုက်တော့မလို့လားဟင်

အကို3ကတွေးရင်းကြက်သီးတွေထသွားပြီး အကို1ကိုတ့တောင်နဲ့လှမ်းတွတ်လိုက်တယ် ဒါပေမဲ့ သူထင်သလိုမျိုးတော့ဟိုကမလှုပ် မျက်မှောင်ကြီးကျုံပြီးကြည့်လာတဲ့အပြင် သူ့ကိုပါအလိုမကျတဲ့ပုံစံကြီးနဲ့

ကိုကိုလေးရယ်  ဒီတခါတော့လှုပ်လိုက်ပါကွာ နော် ငါတောင်းပန်နေတာပါကွာ

သူအချိန်အတော်ကြာအချက်ပြနေပေမဲ့လဲလှုပ်မလာတော့သူလဲစိတ်မရှည်တော့ပဲအနားကပ်ကာလက်ကိုရိုက်လိုက်တယ်
အဲ့ဒီတော့မှ အကို1ကမင်းပြောပါလားဆိုတဲ့စတိုင်နဲ့သူ့ကိုကြည့်လိုက်တယ်

အဲ့ဒီအချိန်မှာပဲ ဒေါသထွက်နေတဲ့ရှစ်စွမ်းကနောက်လှည့်လာပြိး

"သွေး‌တွေနဲ့နမိတ်ကိုမြင်ထဲကရင်ထဲမကောင်းဘူးတခုခုဖြစ်မယ်လို့ထင်နေတာ တကယ်ပဲဒီကလေးမလုပ်ရဲတယ်"

တပည့်နှစ်ယောက်ကသူတို့ရဲ့ရှစ်စွမ်းမျက်နှာကိုသာကြည့်နေလိုက်တယ်

အမှန်တော့သူတို့မှာမေးစရာမေးခွန်းအများကြိးရှိပါတယ်
ဆရာ‌မြင်တဲ့နမိတ်ကဘာလဲ ဟွားဟွားကရောတကယ်အန္တရာယ်ရှိနေတာလားဆိုတာကိုပေါ့

ဒါ‌ပေမဲ့သူတို့သိချင်တာကိုမျိုချထားလိုက်ရပါတယ် သူတို့ရဲ့ရှစ်စွမ်းကအခုအချိန်မှာဒေါသထွက်နေတာလေ သွားမေးလို့စိတ်မရှည်ရင်သူတို့ကိုတစချင်းစီဖြစ်အောင်လုပ်ပစ်မှာစိုးလို့ ဘယ်ပြောရဲပါ့မလဲ

(Complete)ကြုံခဲလှသည့်ဖူးစာ ၾကံဳခဲလွသည့္ဖူးစာnormal(Oc) Zgi&UniWhere stories live. Discover now