34.zgi

1.4K 24 0
                                    

ကြုံခဲလှသည့်ဖူးစာ

34.အကို၂ရဲ့စွမ်းဆောင်ရည်များ ၂

ရောင်နီထွက်လာပြီး တမိုးလင်းလာတဲ့အခါ ငှက်ကလေးတွေလဲအိပ်တန်းကနေပျံသန်းသွားကြပြီး အစာရှာထွက်ကြပြီ တောင်တန်းတွေကစိမ်းစိုနေပြီးတော့ ကောင်းကင်ကြီးကပြာလဲ့လို့နေတယ်

နောက်တနေ့ရောက်လာတော့ သူတို့ရဲ့စစ်မြေပြင်ကတဲအစုစုလေးတွေဆီကနေမီးခိုးငွေ့လေးတွေထွက်လို့လာတယ် အယောက်တရာကိုတဖွဲ့ဖွဲ့ပေးထားတာမို့ တရာစာအတွက်စစ်သည်တွေက အလှည့်ကျထမင်းဟင်းတွေချက်ကြရတယ် သူတို့အားလုံးကငါးနိုင်ငံကဖြစ်ကြပေမဲ့ လျင်မြန်မူ့ကလဲတန်းတူလိုက်ကြလေတော့ အရသာရှိချင်ရှိမယ်မရှိချင်မရှိဘူး ဒါ‌ပေမဲ့ လျင်မြန်မူ့ကတော့ထိပ်ဆုံးကပဲ ဒါ့အပြင်သူတို့အားလုံးစစ်ရည်ဝနေပြီမို့လို့ ဟင်းကိုလဲရှာဖွေစားတတ်ကြတယ် မစားဖူးတဲ့အစားအစာမရှိသလို ဘယ်အပင်ပဲဖြစ်ဖြစ် ချက်စားနေကြမို့
သူတို့အတွက် ဒီနေ့ချက်တဲ့ ထူးထူးဆန်းဆန်းအရွက်‌ကြော်နဲ့ဟင်းချိုကိုခပ်သွက်သွက်စားလိုက်ကြတယ် သူတို့အတွက်အသားမပါပေမဲ့လဲ စစ်တန်းလျားမှာတော့ ဒိလိုစားရတာနတ်သုဒ္ဒါပဲ
ပြီးရင် စစ်ရေးလေ့ကျင့်ရမှာမို့လဲအားလုံးကအလျင်လိုနေတာဖြစ်ကြတယ်

အကြောင်းအရင်းကတော့ ဒီနေ့ပင်းခွား(ရေခဲမျက်နှာ)စစ်ရေးလေ့ကျင့်ပေးမှာမို့‌ပဲ သူကစည်းကမ်းအရမ်းကြီးပြီးတော့ အပြစ်ပေးအရမ်းကြမ်းတယ် သူကိုတွေ့ရင်မော့ဟွားကိုသတိရမိပေမဲ့ တကယ်တမ်းပြောမယ်ဆိုသူတို့နှစ်ယောက်ကတူနေတာဘာမှမရှိဘူး

ခုရက်ပိုင်းတော့ သူတို့တွေသာသာယာယာပဲ ဒဏ်ရာတွေကိုကု‌ရင်းနဲ့ စစ်ရေးလေ့ကျင့်ချိန်ကလွဲပြီး အဆင်ပြေတယ်
ဒါပေမဲ့ ဒဏ်ရာအကြီးအကျယ်ရသွားတဲ့စစ်သည်တော်အချို့ကလွဲလို့ အရာအားလုံးပုံမှန်ပဲ ဒါပေမဲ့ ဘယ်သူထင်မလဲ
သူတို့ရိက္ခာတဲကမီးလောင်သွားမယ်လို့
သူတို့တွေမီးအသဲအသန်ငြိမ်းကြတုန်း
ဂျူးလူမျိုးတွေဟာအလစ်ဝင်တိုက်တော့တယ်

ရဲ့ယွင်က မီးလောင်တာကိုသိလိုက်တာနဲ့စစ်သည်တဝက်ကိုမီးငြိမ်းစေပြီးတဝက်ကိုတော့ရှေ့တန်းမှာပဲလူတံတိုင်းအဖြစ်ရှိနေစေတယ် ဒါဟာအန္တရာယ်များရာကျတယ် စွန့်စားရာကျတယ်ဆိုပေမဲ့ ရဲ့ယွင်စီမံတာကို အားလုံးကလိုက်နာကြရတယ်

(Complete)ကြုံခဲလှသည့်ဖူးစာ ၾကံဳခဲလွသည့္ဖူးစာnormal(Oc) Zgi&UniWhere stories live. Discover now