58.လီဝမ်လား

950 58 2
                                    

58.လီဝမ်လား

လီဝမ်နတ်သမိုင်းဂိုဏ်းကိုရောက်ခဲ့တာ ယခုဆိုလေးလပြည့်တော့မည်ဖြစ်သည် သူကျင့်ကြံခြင်းစတင်ဖို့ရာ ရှင်သန်ခြင်းတောင်ထိပ်တွင်ဂူပိတ်လေ့ကျင့်ဖို့အချိန်တန်လာပြီဖြစ်သည်
မော့ဟွားက ကြားထဲမှာသူ့ကိုအရမ်းဂရုစိုက်ပြီး အစစအရာရာကူညီပေး၍ သူကကျင့်ကြံမူ့ဒီလောက်မြန်မြန်တိုးတက်လာခဲ့တာပဲဖြစ်သည်

မနက်ဖြန် ရှင်သန်ခြင်းတောင်သို့သွားရမည်ကို လီဝမ်စိတ်လေးနေသည် သူမော့ဟွားနဲ့အနဲငယ်လေးတောင်ခွဲမနေချင်ပေမဲ့ သူတို့နီးစပ်ဖို့ရာ ခနတော့ခွဲနေရမည်မို့ သူဝမ်းနည်းနေမိ၏

ထို့ကြောင့် မော့ဟွားခါးကိုဖက်ကာဂိစ်တိုက်နေ၏ မော့ဟွားကသူ့ကိုအမျိုးမျိုးနှစ်သိမ့်ပေးပြီးနောက် သူ့ကိုထားခဲ့ကာတယောက်ထဲပြန်သွားခဲ့လေတော
စိတ်ညစ်ညစ်နဲ့မီးမှိတ်ကာ အိပ်ရာဝင်လိုက်တော့၏ လီဝမ်က နဖူးပေါ်လက်တင်ကာ အတွေးတွေကတောင်ရောက်မြောက်ရောက်နှင့် တော်တော်နှင့်အိပ်မပျော်ပေ ဟိုဖက်လှိမ့်လိုက်ဒီဖက်လှိမ့်လိုက်နှင့် ရှ်ိနေတုန်း ရုတ်တရက်သလွန်ပေါ်မှထကာ လီဝမ်တယောက်အပြင်သို့ထွက်သွားလေတေ့ာသည်

လီဝမ်အပြင်သို့ရောက်လာသည်နှင့် သူ့ကိုအသင့်စောင့်နေသော နတ်ဆိုးများကဦးညွတ်ကာနှုတ်ဆက်လိုက်ကြသည်

"အရှင့်သား"

လီဝမ်က လက်ကိုဆန့်ထုတ်ကာ အသိအမှတ်ပြုလိုက်၏

သေချာကြည့်လျင် လီဝမ်၏မျက်ဆံများကအနီရောင်ဖြစ်နေကာ နဖူးတွင်လည်းအနီ‌ေရာင်မီးတောက်‌လေးရှ်ိနေပြီး မာနအလွန်ကြီး‌ေသာပံုကိုတွေ့နိုင်သည် သူက နတ်ဆိုးခေါင်းဆောင်ကိုကြည့်ကာ

"ဘယ်လိုလဲ အဆင်သင့်ပဲလား"
"အကုန်လုံးအဆင်သင့်ဖြစ်ပါပြီ" "ကောင်းပြီ ငါမော့ဟွားကို မနက်ဖြန်‌ဒီနေရာကိုခေါ်ထုတ်လာခဲ့မယ် "
"ကောင်းပါပြီအရှင့်သား"

ပြောပြီးသည်နှင့် လီဝမ်ကပျောက်ကွယ်သွား၏
နတ်ဆိုးခေါင်းဆောင်က သက်ပြင်းချလိုက်ကာ သူ့နောက်လိုက်ငယ်သားများကိုဆော်ဩလိုက်၏

(Complete)ကြုံခဲလှသည့်ဖူးစာ ၾကံဳခဲလွသည့္ဖူးစာnormal(Oc) Zgi&UniWhere stories live. Discover now