Extra chapter .1.

3K 76 0
                                    

Extra chapter .1

မော့ဟွားတို့ မော့မိသားစုထံအလည်အပတ်ရောက်ရှိနေကြတာဖြစ်တယ်

မော့ဟွားအဖေကတော့ ခေါင်းကိုက်နေပေပြီ သူရဲ့သမီးကလည်ပတ်ရတာကြိုက်လွန်းတဲ့သူ ခနခန‌အိမ်ကပျောက်သွားတတ်တာသူစိတ်မရှိပေမဲ့ အခုတော့ သူရဲ့သမက်ဖြစ်သူကိုပါခေါ်ချလာပြီတဲ့လား

သူစိတ်ညစ်စွာနဲ့သူ့သမက်ကိုကြည့်လိုက်မိ‌ေတာ့ သာမာန်လူမဟုတ်‌နိုင်ဘူးဆိုတာသိပေမဲ့ သူ့သမီးအတွက်စိတ်မချနိုင်သေးဘူး ငါတောင်ချစ်လို့မဝသေးဘူး ဘယ်က ကလေကချေကောင်ကငါ့သမက်ဖြစ်လာရဲတာလဲ

သူစိတ်ညစ်စွာနဲ့သူ့သမီးကိုတခါပြန်ကြည့်လိုက်တယ် ဒီကလေးမ ငါ့ကိုရင်တုန်အောင်လုပ်ထားပြီး ဒင်းလေးကတော့မသိသလိုစားသောက်နေနိုင်တယ်

"အဲ့တော့ မောင်ရင်က  လီဝမ် ဒီလူအိုကြီးသမီးရဲ့ချစ်သူပေါ့ "
"ပါးပါးကလဲသမီးယောကျာ်းပါဆို "

စားရင်းနဲ့မော့တောင်မကြည့်ပဲပြောလာတဲ့သမီးဖြစ်သူကြောင့် သူမျက်ဖြူစိုက်သွားမိတယ်

"တိတ်စမ်း ဟွားဟွားကိုပြောလို့လား"

မော့ဟွားကသူတို့နှစ်ယောက်စကားအေးဆေးပြောပြီးနားလည်မူ့ရအောင် ငြိမ်နေပေမဲ့နားလဲစွင့်‌ထားသေးတာ

သူမရဲ့အဖေကဒီတယောက်ပဲရှိတော့တာမို့ ကျိန်းသေပေါက် ဝမ်လေးနဲ့မိတ်ဆက်ပေးရမှာပေါ့

"ဟုတ်ကဲ့ ကျွန်တော်လီဝမ်ပါ "

လီဝမ်က အသံအေးအေးလေးနဲ့နှုတ်ဆက်လိုက်တယ် ကြည်သာနေတဲ့အသံ သဘာဝနဲ့တသားထဲကျနေတဲ့အသံဆိုတော့ မော့ယွီ စိတ်ထဲကနေတစ်မှတ်ပေးလိုက်တယ်
သူ့ကိုကလန်ကဆန်မလုပ်ပဲ ‌ယဉ်ယဉ်ကျေးကျေးပြောတယ်ဆိုတော့ တစ်မှတ်

အဲ ယဉ်ယဉ်ကျေးကျေးပြောတာကိုဘာတစ်မှတ်ပေးစရာလိုလဲ သူကသါ့သမက်ဖြစ်တဲ့သူလေ ယဉ်ယဥ်ကျေး
ကျေးပြောရမှာပေါ့ ပြန်ယူတယ်အဲ့တစ်မှတ်ကို

"မောင်ရင့်မိဘတွေကဘယ်သူတွေလဲ"

ဒီတခါတော့ လီဝမ်ကမော့ဟွားကိုအကူအညီတောင်းသလိုကြည့်လာတယ် သူအမှန်အတိုင်းပြောလို့ရသလားဆိုတာကိုပေါ့ သူသာအမှန်အတိုင်းပြောလိုက်ရင် သူ့သမီးနဲ့သဘောမတူမှာလဲကြောက်ရသေးတယ်

(Complete)ကြုံခဲလှသည့်ဖူးစာ ၾကံဳခဲလွသည့္ဖူးစာnormal(Oc) Zgi&UniNơi câu chuyện tồn tại. Hãy khám phá bây giờ