35.zgi

1.1K 45 0
                                    

ကြုံခဲလှသည့်ဖူးစာ

35.ဒါသူမရဲ့သွေးတွေလား

မော့ဟွားက ‌တကယ်တော့ ဂိုဏ်းထဲမှာရှင်သန်ခြင်းတောင်သခင်မတယောက်ဖြစ်တယ် ဒါဟာတကယ်တော့မထူးဆန်းဘူး သူမရဲ့ဆရာတူအကိုတွေအားလုံးကလဲတောင်တခုစီပိုင်တာမို့လို့
အကို၁ က ခြောက်သွေ့ခြင်းတောင်သခင်
အကို၂က စုပ်ယူခြင်းတောင်သခင်ဖြစ်ပြီး အကို၃ကလဲ သေဆုံးခြင်းတောင်သခင်ဖြစ်တယ်

ပြီးတော့ သူမရဲ့အကိုတွေအားလုံးမှာတပည့်တွေကိုယ်စီရှိကြတယ်
ဒါပေမဲ့ သူမတယောက်ပဲတောင်သခင်မတယောက်ဖြစ်ပြီး တပည့်တယောက်မှမရှိသလို ရှစ်စွမ်းကလဲတပည့်ပေးမခေါ်ဘူး ပြီးတော့စိတ်တိုစရာကောင်းတာက သူမလဲခုထိ‌ပေစာတွေသင်နေရတုန်းပဲ အဲ သူမမှာထူးထူးဆန်းဆန်းတပည့်တယောက်ရှိတယ် တပည့်ဆိုပေမဲ့သူမထက်နှစ်တထောင်လောက်ကြီးတာမို့ သူမကတပည့်လို့တောင်မသတ်မှတ်ထားတဲ့တပည့်ပေါ့

ဟမ့် ခုလဲအဲ့ဒိတပည့်အစုတ်ပလုတ်က ‌အကာအကွယ်စည်းအပြင်မှာထိုင်စောင့်နေတယ်လေ အဲ့ဒီတပည့်စုတ်ကရှစ်စွမ်းရဲ့အမိန့်ကလွဲပြီးဘယ်သူ့အမိန့်မှနားမထောင်ဘူး သူမစကားတောင်တခါတလေအဖက်မလုပ်ဘူး ပြီးတော့အဲ့တပည့်စုတ်ကဂိုဏ်းအတူတူမို့လဲ သူ့စိတ်ထဲကအကွယ်စည်းချိုးဖျက်ဖို့နည်းလမ်းကိုဖတ်လို့မရနိုင်ဘူး အရမ်းစိတ်တိုဖို့ကောင်းတယ်

သူမအကာအကွယ်စည်းအတွင်းကနေပြီး‌ ချိုးဖျက်ဖို့ဖြစ်နိုင်တဲ့အရာတွေအကုန်လုံးကိုသူမလုပ်နေပြီး နည်းလမ်းပေါင်းတရာကျော်လာတာတောင်အလုပ်မဖြစ်သေးဘူး အားရား အရမ်းကိုစိတ်တွေမရှည်တော့ဘူး စိတ်တိုလာပြီ

ရှင်သန်တောင်အတွင်းမှာမော့ဟွားတယောက်စိတ်ညစ်နေပြီး သူမလက်သည်းကိုက်နေကာ ရှေ့လျောက်လိုက်နောက်လျောက်လိုက်နဲ့ အကြံဆိုးအကြံညစ် အကြံကောင်း အကြံအစုံကိုထုတ်နေပေမဲ့ သနားစရာကောင်းတာက ဘာအကြံကမှထွက်မလာဘူး

အဲ နေပါဦးရှောင်ပိုင်ရှိသေးသားပဲ

"ရှောင်ပိုင် အကူအညီလိုတယ် "

ရှောင်ပိုင်ကသူမရဲ့စိတ်နယ်‌မြေထဲမှာအိပ်နေရင်းနဲ့ ပျင်းရိစွာထလို့လာပြီး
သူမရဲ့စိတ်အိုက်နေတဲ့ပုံစံကိုလဲမြင်ရော ထရယ်ပါလေရော

(Complete)ကြုံခဲလှသည့်ဖူးစာ ၾကံဳခဲလွသည့္ဖူးစာnormal(Oc) Zgi&UniWhere stories live. Discover now