47.လီဝမ်ရဲ့တကိုယ်တော်ခရီး 2

1.1K 87 4
                                    

47.လီဝမ်ရဲ့တကိုယ်တော်ခရီး

လီဝမ်ကပြောနေရင်းမှ သူဓားကိုထုတ်လိုက်ကာ လက်ကိုလှီးဖြတ်လိုက်၏ ထိုအခါ သူ၏လက်မှထွက်လာသောသွေးနံ့များသည် ပတ်ဝန်းကျင်သို့ပျံ့နှံ့သွားတော့သည် ထိုအခါ ခုကတည်းကမျက်လုံးပြူးမျက်ဆန်ပြူးဖြစ်နေသောအစောင့်၏ပါးစပ်မှာအံဩမူ့ဖြင့်‌ဟလာ၏

အစောင့်နတ်ကတော့တုန်လှုပ်နေလေပြီ သာမန်သေမျိုးရဲ့သွေးကဘာကြောင့်များဒီလိုနတ်သွေးအနံ့ထွက်နေရတာလဲ
ပြီးတော့ သူက ငါတို့ရဲ့ကြီးမြတ်လှစွာသောအရှင်ကို လီလို့ခေါ်လိုက်သေးတယ် ပေးဝင်လိုက်ရမလား ဒါမှမဟုတ် သူကသူလျိုများလား ‌ဒီကိစ္စကပေါ့လို့မရဘူး သွားလျောက်တင်မှရမယ်

"ဒီမှာစောင့် သွားပြီလျောက်တင်ပေးမယ်"
"ဟုတ် ကျေးဇူးပါ "
"မလိုပါဘူး မလိုပါဘူး"

လီဝမ်တယောက်ကတော့ ရုတ်တရက်ကြီးကြောက်ရွံနေသလိုပုံစံကြီးနဲ့အထဲကိုပြေးဝင်သွားတဲ့တံခါးစောင့်ကြောင့် နဲနဲတောင်လန့်သွားလိုက်သေးသည် ဒါပေမဲ့ တကယ်တမ်းတွေးရင် အထဲဝင်လို့ရပြီပဲ ဘာလိုသေးလဲ ပြီးမှ လီဆိုတဲ့လူကိုလိုက်ရှာပြီးတောင်းရမယ်

သူစောင့်နေတုန်းမကြာပါဘူး သူဆီကိုလူ‌ေတွ အဲ နတ်တွေ တအုပ်လိုက်ကြီးရောက်ချလာပါရော ပြီးတော့သူ့ကိုစစ်မေးလိုက်ကြတာစုံလို့ စစတုန်းကတော့ ဟိတ်ဟန်တခွဲသားကြီးတွေနဲ့မတူသလိုမတန်သလိုပုံစံတွေ နောက်တော့သူတို့ပိုမေးလေ သူတို့ပုံစံကပိုပြီးရိုကျိုးလာလေပဲ အလုံးစုံအကုန်မေးလဲပြီးသွားရော လူကိုခုပဲခြေသလုံးထဖက်တေ့ာမဲ့ပုံစံတွေဖြစ်သွားကြရော သူတော့တခါမှမကြားဖူးဘူး နတ်တွေလဲအားကိုးရှာတတ်တယ်လို့ သူထင်ထားတာက သူတို့အားလုံးတသီးတသန့်စီနေကြပြိးမာနတွေစွတ်ကြီးနေကြတာလို့ ခုတော့သူမြင်နေရတာက လူပြည်မှာသူငယ်ချင်းတွေနဲ့ပေါင်းရတဲ့အတိုင်းပဲ ဗရုတ်သုတ်ခတွေ အဲ ကြားများကြားရင်အသတ်ခံနေရဦးမလားမသိဘူး

"ဒါဆို ကျွန်တော်အားနာစွာနဲ့ပဲတောင်းဆိုပါရစေ လီဆိုတဲ့သူဆီခေါ်သွားပေးပါလား"

သူပြောလိုက်တာနဲ့အကုန်လုံးကရုတ်ရုတ်သဲသဲလုပ်နေရင်းရုတ်တရက်တိတ်ဆိတ်သွားတော့ သူတောင်ကြောင်သွားတယ် မဟုတ်မှလွဲရော အဲ့ဒီလီဆိုတဲ့သူက ဟို သူတို့လူသားတွေသေသလိုမျိုး နတ်သက်များကြွေသွားပြီလားမသိဘူး

(Complete)ကြုံခဲလှသည့်ဖူးစာ ၾကံဳခဲလွသည့္ဖူးစာnormal(Oc) Zgi&UniWhere stories live. Discover now