37.zgi

918 39 2
                                    

ကြုံခဲလှသည့်ဖူးစာ

37.သူမရဲ့အစစ်အမှန်ပုံစံ

"အားးးးးးးး"
"ဟွားဟွား သတိထားလေ နင်အဲ့လိုဖြစ်လို့မရဘူးလေ သတိထားလေ ဟေ့‌ ဟေ့ ဝေ့ ဝေ့ "

ရှောင်ပိုင်ဘယ်လောက်ပဲသတိပေးနေပါစေ မော့ဟွားကအသွင်ပြောင်းသွားလေပြီ သူမနဖူးကပန်းကလေးဟာအနက်ရောင်သို့ပြောင်းသွားပြီး သူမမျက်ဆံများဟာလဲအနက်ရောင်သို့ပြောင်းသွားခဲ့၏ သူမလေပေါ်မြောက်တက်လာပြီး သူမရဲ့အင်္ကျီအနားစများဟာလွင့်မျောနေသည် သူမရဲ့ဆံပင်များအားလုံးဖြူစွတ်သွားပြီး အသားအရေများအားလုံးဟာလဲဖြူဖျော့သွား၏ သူမ၏ခြေထောက်များစုလာပြီးစေးကပ်လာကာအစိမ်း‌ရောင်အ‌ရေခွံ့များစွာကထွက်ပေါ်လာကြ၏ နောက်တော့သူမအောက်ပိုင်းတခုလုံး‌ရှည်မျောသွားကာ မြွေအဖြစ်သို့ကူးပြောင်းသွားလေသည်
(အပေါ်ပိုင်းကလူ အောက်ပိုင်းကမြွေပါ)

သူမလက်ဝှေ့ရမ်းလိုက်သောအခါ သူမလက်ထဲတွင်စစ်လက်နက်တစုံပေါ်လာကာ အရာအားလုံးကိုဖျက်ဆီးတော့မလိုအရှိန်အဝါများစွာထွက်ပေါ်လာတော့သည် သူမရဲ့မျက်နှာဟာအေးခဲမူ့ဖြင့်လှပနေပြီး ကြောက်ရွံစိတ်များလဲဖြစ်ပေါ်စေနိုင်ပေသည်

သူမကားမည်သူနည်း သူမကနွီဝါးမယ်မယ်နဲ့စစ်နတ်ဘုရားရဲ့သမီးအကြီးဆုံးဖြစ်ပြီး နတ်ဘုရားများထံမှခွန်အားများနှင့်ရက်စက်မူ့များကိုပါရရှိထားသူဖြစ်သည် သူမရဲ့ပင်ကိုယ်စိတ်ပျောက်အောင်လုပ်မိပါက ဆိုးကျိုးများစွာသာရရှိ‌နိုင်ပေသည်

ယခုသူမပင်ကိုယ်စိတ်အားနည်းသွားချိန်တွင် သူမရဲ့ပုံစံအစစ်အမှန်ကထွက်ပေါ်လာတော့သည် သူမကလက်ဝှေ့ရမ်းလိုက်ပြီး ရှောင်ပိုင်ကိုပါအသွင်ပြောင်းစေလိုက်၏ အတောင်ပံတစုံနှင့်ဂျိုနှစ်ချောင်းထွက်လာသောရှောင်ပိုင်မှာတစစဖြင့်ကြီးထွားလာပြီး မော့ဟွားကိုသယ်ဆောင်ကာကဲ့ယာလွင်ပြင်ဆီကိုခေါ်ဆောင်သွားတော့သည်

.................................................................

ကဲ့ယာလွင်ပြင်။

ကဲ့ယာလွင်ပြင်တွင် စစ်ပွဲတပွဲဖြစ်ပွားနေ၏ နံငယ်ပိုင်းများကိုသာဝတ်ဆင်ထားကြသည့်ဂျူးလူမျိုးလူထွားထွားကြီးများနှင့်  တရုတ်လူမျိုးလူသေးသေးလေးတွေ၏စစ်ပွဲဖြစ်ပေသည်
နှစ်ဦးနှစ်ဖက်မမျှတပေမဲ့ဘယ်ဖက်ကမှအသာစီးရမနေပေ စစ်ပွဲကားကြမ်းတမ်းစွာဖြစ်ပေါ်နေပြီး ဘယ်ဖက်ကမှအနိုင်ရသေးပုံမပေါ်ပေ ကဲ့ယာတွင်သွေးညှီနံ့ကလှိုင်ထနေပြီး အလောင်းများစွာထပ်နေသည် တကယ်ကြမ်းတမ်းတဲ့တိုက်ပွဲဖြစ်ပြီး လူပေါင်းသိန်းချီကာသေဆုံးနေပြီဖြစ်သည်

(Complete)ကြုံခဲလှသည့်ဖူးစာ ၾကံဳခဲလွသည့္ဖူးစာnormal(Oc) Zgi&UniOnde histórias criam vida. Descubra agora