65. အစုလိုက်အပြုံလိုက်သေဆုံးခြင်း

881 49 8
                                    

65.အစုလိုက်အပြုံလိုက်‌ေသဆုံးခြင်း

လီက သူရဲ့သားတော်များဖြစ်သော စစ်နတ်ဘုရားငါးပါးကိုချန်ရစ်ခဲ့ပြီး ကောင်းကင်တိုင်းပြည်ကိုပြန်သွားခဲ့သည်

မနက်ဖြန်တိုက်မဲ့တိုက်ပွဲအတွက်သူတို့အားလုံးစိတ်လှုပ်ရှားနေကြသည်

မော့ဟွားက လီဝမ်ရှိရာတဲဖက်သို့ခေါင်းလှည့်လိုက်ပြီး ပြုံးလိုက်၏
သူမဘာကြောင့်ပြုံးတာလဲ သူမသာသိပေလိမ့်မည်

ထို့နောက်
သူမလဲ တဲထဲဝင်ကာအိပ်စက်လိုက်သည် ပေါင်းများစွာအတွက်သူမအိပ်စက်ဖို့လိုသေးသည်မဟုတ်ပါလား

အဲ့ဒီလိုနဲ့ ‌နေ့မှန်းမသိညမှန်းမသိ‌ေမှာင်မဲ‌ေနတဲ့အရပ်မှာ နောက်တနေ့ကူးပြောင်းသွားခဲ့ပြန်သည်

ကံကောင်းတာက သူတို့ဟာနတ်ဘုရားတွေမို့စိတ်ညွတ်လိုက်တာနဲ့သိနိုင်သေးလို့ပါပဲ

နောက်တနေ့သူတို့အာလုံးမနက်စာချက်ပြုတ်စားသောက်နေကြချိန်တွင် နတ်ဘုရားတယောက်ကကောင်းကင်မှဆင်းသက်လာ၏ ထိုနတ်ဘုရား၏ရုပ်ရည်မှာအလွန်နှစ်သက်ဖွယ်ရှ်ိပြီး ခပ်ဆဆလေးပြုံးထားသေးသည်

သူကမော့ဟွားတဲဖက်သို့တည်ငြိမ်စွာလျောက်လှမ်းလာခဲ့၏
စစ်သည်အများစုကတော့ တခါမှမမြင်ဖူးတဲ့မျက်နှာချောချောကိုငေးမောနေကြရင်း သူတို့ရဲ့နတ်ဘုရားမကိုလာပိုးပန်းတဲ့သူလားဟု ထူးထူးဆန်းဆန်းကြီးဝိုင်းကြည့်နေကြလေသည်

အနှီနတ်ဘုရားကတော့ ဘယ်သူ့ကိုမှဂရုမစိုက်ပဲ မော့ဟွားတဲထဲသို့သာတိုက်ရိုက်ဝင်သွားလေသည်

လီဝမ်မျက်မှောင်ကျုံ့လိုက်၏ သည်အတင့်ရဲလွန်းတဲ့ကောင်ကတော့ကွာ ငါတောင် မဝင်ဖူးဘူးကွ
မကျေနပ်စိတ်ဖြင့် မျက်နှာသစ်လိုက်ပြီးကျန်တဲ့ရေပုံးကိုကန်ပစ်လိုက်ကာ သူ့တဲထဲသို့ဝင်သွားလေတော့သည်

မကြာသည့်အချိန်တွင် စောနကဆောင့်ကြွားကြွားဖြင့် မော့ဟွားတဲထဲသို့ဝင်သွားခဲ့သော နတ်ဘုရား‌ေလးမှာ အပြင်သို့လွင့်ပျံထွက်လာလေ၏

"ဟွားဟွား "
"နင်အပြင်မာနေ ထပ်ဝင်လာရင်နင့်ကိုကင်စားပစ်မယ် "
"ဟွားဟွား ဟွားဟွား ဟွားဟွား"
"ရှောင်ပိုင် ငါတကယ်သတ်မှာနော် စမ်းကြည့်လိုက် "

(Complete)ကြုံခဲလှသည့်ဖူးစာ ၾကံဳခဲလွသည့္ဖူးစာnormal(Oc) Zgi&UniNơi câu chuyện tồn tại. Hãy khám phá bây giờ