12.သူမက နမိတ်ဖတ်သူလား သူမကနမိတ္ဖတ္သူလား

2.4K 198 2
                                    

"‌ဒါနဲ့ကောကောတို့က သူငယ်ချင်းတွေပေါ့ ဝါး မိုက်လိုက်တာနော် အချောတေွချည်းဆိုတော့ ဒီအနားကပ်လိုက်ရင် မေ့မေ့တောင်မှပဲ မပေါ်လွင်ချင်တော့ဘူး "

မို့လျန်ချန်မှာ ရေနွေးကြမ်းသောက်ရင်း သီးသွားရ၏

"အဟွတ် အဟွတ် "

ကျန်တဲ့သုံ‌းယောက်မှာ မျက်လုံးပြူးကာ ရှေ့မှမိန်းမငယ်လေးအား ကြည့်နေ၏

သူမအရမ်းချောလွန်းတော့ ပေါ်လွင်နေမှာအသိသာကြီးကို ဘာတွေလျောက်‌ေြပာနေတာတုန်း ဖားတာနဲနဲများသွားပီနော်ကလေးမဒီကောင်မလေး အပြောချိုရုံတင်မကဘူး အဖားကလဲတော်ပါ့နော်

ဒါပေမဲ့ သူမကဂရုပင်မစိုက်ပဲဆက်ပြောလာသည်က

"မေ့မေ့က အကူအညီလေးတောင်းချင်လို့
ဟီး မေ့မေ့ ဒီမှာတည်းလို့ရမလားဟင် ပြန်ရမှာလဲခရီးဝေး ပီးတော့ တယောက်ထဲပြန်ရမာဆိုတော့ကြောက်လို့ပါ "

ပိုင်ယီကပြုံးလျက်

"ကောကောတို့လိုက်ပို့ပေးရမလား ဒါမှမဟုတ် အစောင့်‌ေတွထည့်ပေးလိုက်ရမလား "

မော့ဟွား အသက်ပင်ငင်သွားချင်မိ၏ ဟွန်း ငါ့မှာပြန်စရာနေရာရှိမှတော့ နင်တို့ကိုအကူအညီတောင်းမ‌ေနပါဘူးနော် အစုတ်ပလုတ်တွေ တည်းစရာပါဆို ဘယ်နှယ့်ပြန်လိုက်ပို့ချင်ရတာတုန်း

"အဟမ်း ရပါတယ် မေ့မေ့ကြောင့်အလုပ်ပိုနေပါ့မယ် ပြီးတော့ မြို့တော်မှာ အလုပ်လဲမပီးသေးလို့ "

လေးယောက်လုံးခေါင်းထောင်လာလျက် တညီတညွတ်ထဲမေးလိုက်ကြပေ၏

"ဘာအလုပ်လဲ "
"စားဖို့အလုပ်ရယ် လျောက်လည်ဖို့အလုပ်ရယ် အဟဲ တကယ်လုပ်ရမှာကငွေရှာမလို့လေ ငွေ ငွေ အဟဲ သိတယ်မို့လား "

ရှောင်လော့ဝေက

"မေ့မေ့ကလဲ ငွေရှာမနေနဲ့ ဒီကောကောတွေရှိတာပဲ ဟျောင့်တွေ ထုတ်လိုက်ကြစမ်း "

ပြောလဲပြော ထုတ်လဲထုတ်ပေးလိုက်၏

ကျန်တဲ့သုံးယောက်ကား ဒီလက်လွယ်တဲ့ကောင်ကြောင့်အမှန်ပင်စိတ်ညစ်ရသည်
ဒါပေမဲ့ ရှေ့မှာရှိတဲ့မိန်းမလှလေးက ယုန်မျက်ဝန်း (အပြစ်ကင်းသောမျက်ဝန်း)တွေနဲ့ကြည့်နေတာကြောင့် ဘာမှမတတ်နိုင်ချေ ကိုယ်စီငွေတုံးများထုတ်ပေးရင်း ရှောင်လော့ဝေအား မကြည်သောအကြည့်ဖြင့်ကြည့်လိုက်ကြ၏

(Complete)ကြုံခဲလှသည့်ဖူးစာ ၾကံဳခဲလွသည့္ဖူးစာnormal(Oc) Zgi&UniWhere stories live. Discover now