30.သူမရဲ့ဒေါသ zgi

1.6K 81 3
                                    

ကြုံခဲလှသည့်ဖူးစာ

30.သူမရဲ့ဒေါသ

အရမ်းကြောက်ဖို့ကောင်းလွန်းလို့ ခုတောင်ထသေပစ်ချင်တယ် အားရား တယောက်ယောက်ကများ မကယ်ပေးနိုင်တော့ဘူးလားဟင် သူမနှိပ်စက်မှာကိုခံမဲ့အစား လျာကိုက်ပြီးသေပစ်ရမလား

"နန်ရှီ နန်ရှီ ဒီနာမည်ကိုကြားဖူးပါတယ်မှတ်နေတာ ဟမ် ဒီမျက်နှာကိုမြင်ဖူးပါတယ်မှတ်နေတာ လက်စသတ်တော့ ရှင်ကိုး ဟမ့် ဒီသခင်မလေးပစ္စည်းကိုတောင် အတင့်ရဲပြီးခိုးရဲတယ်‌ပေါ့လေ  ဟားဟားဟား ‌ကောင်းတယ် သိပ်ကိုကောင်းတယ် ရှင်အတင့်ရဲလွန်းတာ ဘယ်လိုသင်ခန်းစာပေးခံရမလဲကြည့်နေ "

ရှောင်ပိုင်က အလန့်တကြားနိုးလာ၏
ကောင်းကင်တဝိုက်တွင်တိမ်များမငြိမ်မသက်ဖြစ်နေ၏ ပုံစံကလေပြင်းဖြစ်ရန်အရှိန်ယူနေသည်ဟန်
ရှောင်ပိုင်လန့်သွားကာ မော့ဟွားကိုကြည့်လိုက်တော့ သူမမျက်ဝန်းများကမူမှန်တော့ပေ အားရား သူမကိုဘယ်သူသွားဆွလိုက်တာလဲဟင် သူမဘယ်လောက်ထိဒေါသကြီးလဲမသိကြလို့ စမ်းကြည့်ချင်ကြလို့လား ဟမ် အကုန်သေကုန်ကြတော့မှာပဲ

ရှောင်ပိုင်က ‌ပိုင်ယီနားရောက်သွားပြီး

"ဟေ့ ကောင်စုတ်လေး ဒီနားဝန်းကျင်ရှင်းထားလိုက် မကြာခင်လေပွေလာတော့မယ် "
ပိုင်ယီ။"........."
ပါးစပ်အရမ်းဆိုးတာပဲနော် ဘယ်သူနဲ့တူတာလဲဟင် ဒါနဲ့ ငါကဘာကြောင့်ခွေးစကားနားလည်နေရတာလဲ

"ကြောင်ကြည့်မနေနဲ့လေ ဟွားဟွားဒေါသနဲ့အကုန်ဒုက္ခရောက်ကုန်မယ် ဒီနားရှင်းထား လူတွေလဲဝေးဝေးမှာထား သူမကိုဒေါသထွက်စေတဲ့သူကိုပဲထားခဲ့ "
"အမ်....အင်း အင်း "

ပိုင်ယီက ရှောင်ပိုင်အော်လိုက်မှသတိဝင်လာကာ အမြန်ပြေးထွက်သွား၏ သူလဲ‌‌မြေစာပင်အဖြစ်မခံချင်ပါလေ

မော့ဟွားမျက်လုံးများနီဆွေးလာကာ သူမနဖူးရှိပန်းပွင့်လေးမှာရုတ်တရက်အနီရောင်မှအနက်ရောင်သို့ပြောင်းသွား၏
ရှောင်ပိုင်မှာလဲ ရုတ်တရက် ကြီးမားလာကာ ဂျိုများပေါက်လာပြီး အတောင်ပံနှစ်ဖက်ကလဲဆန့်ထွက်လာသည် မော့ဟွားက ရှောင်ပိုင်ပေါ်သို့တက်ထိုင်လိုက်ပြီးနောက် သူမလက်ထဲသို့လျက်တပြက်ကြိမ်ကြိုးကရောက်လာလေသည် သူမကိုကြည့်ရတာ အရမ်းကိုလှပနေတဲ့နတ်ဆိုး၏သမီးတော်တပါးနှင့်ဆင်တူသည် ကျော့မော့နေပြီးမာနနှင့်အလှတရားကို တပြိုင်ထဲမြင်တွေ့ရ၏ အားရား သူမကဒေါသထွက်နေတာတောင်လှနေတုန်းပဲ

(Complete)ကြုံခဲလှသည့်ဖူးစာ ၾကံဳခဲလွသည့္ဖူးစာnormal(Oc) Zgi&UniWhere stories live. Discover now