43.တန်ရဲ့လား

1.5K 107 0
                                    

43.တန်ရဲ့လား

ဂူထဲရောက်တာနဲ့လီဝမ်ကိုအထုတ်တထုတ်လို ဘုတ်ခနဲပစ်ချလိုက်ပြီး လေးယောက်သားမျက်နှာ‌ေသ‌ေတွနဲ့အကဲခတ်နေကြတယ်

ကောင်းပြီလေ ငါရဲ့တဦးတည်းသောတပည့်မလေးကိုမင်းကခိုးယူရဲတယ်ပေါ့ ပြီးတော့ ခုလိုဆေးမမှီတော့တဲ့ပုံဖြစ်အောင်လဲပြုစားထားလိုက်သေး ဒိမျက်လံုးနှစ်လံုးနဲ့‌ေသ‌ေသချာချာကိုငါကြည့်နေတယ် အမှားတခုလုပ်ရဲလုပ်ကြည့်စမ်း ချက်ချင်းကိုကန်ထုတ်ပစ်မယ်ငါတို့မျက်စိရှေ့ကနေ ပျောက်သွားစေရမယ် ဟမ့် မင်းကိုဘယ်သူကငါရဲ့ဟွားဟွားကိုချစ်ခိုင်းလို့လဲ ဟမ်
ဒါနဲ့ဒီကောင်ငါရဲ့ဟွားဟွားကိုချစ်ရောချစ်ရဲ့လား မဟုတ်မှလွဲရော ဟွားဟွားကတဖက်သတ်အချစ်တော့မဟုတ်လောက်ဘူးမလား ငါထင်သလိုမဟုတ်မလားဟင် ဟွားဟွားရေအမြန်ဆုံးပြန်နိုးလာပြီး မင်းလုပ်ထားတဲ့အရှုပ်ထုတ်ကိုလာရှင်းစမ်း ငါတော့ဒီကောင်ကိုသတ်မိတော့မယ်

သူတို့ရှစ်စွမ်းရဲ့မြင့်တက်လာတဲ့ဒေါသကိုသိလိုက်တဲ့တပည့်‌သုံးယောက်ကတော့တယောက်နဲ့တယောက်မျက်စပစ်ပြလိုက်ကြတယ်

အကို1ကဒီအတိုင်းပဲမျက်နှာသေနဲ့ပခုံးတွန့်ပြလိုက်ပြီး အကို2ကတော့ လက်ပိုက်ပြီးခေါင်းငြိမ့်ပြတယ် အကိုသုံးကတော့လက်ကို‌ပင့်ပြလိုက်ကာနှုတ်ခမ်းပါမဲ့ပြလိုက်သေး ပြီးတော့ လီဝမ်ဘက်ကိုလှည့်ပြီး နင်တော့သေပြီဆိုတဲ့အမူအယာကိုပါအဆစ်လုပ်ပြလိုက်သေး လည်ပင်းကိုလက်မနဲ့ဒေါင်လိုက်ခြစ်ပြလိုက်ပြီး လျာထုတ်ကာပြောင်ပြလိုက်သေးတယ် သူတို့သုံးယောက်လဲဒီအကောင်ကိုတွယ်ချင်နေတာအသဲအသန်ပဲလေ ရာရာစစငါ့တို့ရဲ့ဟွားဟွားကိုမှမင်းကလိုချင်တယ်တဲ့လား ဟဟပဲရမယ် ဟဟတောင်တစိတ်ပဲရမယ်သိလား

ကြောက်စရာအကြည့်ကိုရင်ဆိုင်နေရတဲ့ကြောင်တောင်တောင်လေးနဲ့လီဝမ်‌ေလးခမျာတော့သူတို့လေးယောက်ကိုကြည့်ရင်း ထိုင်ရမလိုထရမလိုငိုလိုက်ရတော့မလိုဖြစ်နေရှာတယ် သူနားမလည်သေးတာတခုကဘာဖြစ်လို့သူဒါကိုရင်ဆိုင်နေရသလဲဆိုတာကိုပဲ သူအတွေးတွေပြန်ခေါ်လိုက်တော့ ဟွားဟွားသူ့ဆီပြေးလာနေတာကနောက်ဆုံးအသိပဲ သူသေပြီလို့တောင်ထင်နေတာလေ ဒါပေမဲ့နိုးနိုးလာချင်းရင်ဆိုင်ရတာက ဒီလိုကြီးလား အားရားငါ့ဘဝကြီးကခါးလိုက်တာ

(Complete)ကြုံခဲလှသည့်ဖူးစာ ၾကံဳခဲလွသည့္ဖူးစာnormal(Oc) Zgi&UniWhere stories live. Discover now