41.သူမရဲ့ပေးဆပ်ချစ်ခြင်း

1.4K 98 7
                                    

41.သူမရဲ့ပေးဆပ်ချစ်ခြင်း

သတင်းလဲကြားပြီးရော သူတို့ရဲ့ရှစ်စွမ်းကပိုလို့ဒေါသပုန်ထလာပါတော့တယ်
သူရဲ့တပည့်မလေးကိုဘယ်လိုကြော်ချက်စားပစ်မယ်ဆိုပြီးကြိမ်းဝါးနေလိုက်တာ ဘေးနားကတပည့်နှစ်ယောက်တောင်မှ အရှင်လတ်လတ်ဆီပူထဲထည့်ကြော်ခံလိုက်ရသလိုမျက်နှာ‌ေတွရှုံတွသွားပါတော့တယ်

"လာခဲ့ ငါတို့သွားမယ်"

သူတို့ရဲ့ရှစ်စွမ်းဒေါသထွက်နေတာကိုကြည့်ပြီးဘယ်သွားမှာလဲလို့တောင်တပည့်နှစ်ယောက်ခမျာမမေးရဲတော့ပါဘူး ဖျတ်ခနဲဆိုပျံသန်းပျောက်ကွယ်သွားတဲ့စိတ်ကြီးတဲ့သူတို့ဆရာနောက်ကိုသာအမြန်လိုက်သွားပါတော့တယ်

ရှဇင်းကျွန်း။

မော့ဟွားကပိုင်ယီနှင့်လီဝမ်ကိုသယ်ဆောင်ကာ ရှဇင်းကျွန်းကိုလာခဲ့သည် ဒီကျွန်းကဆိတ်ငြိမ်ပြီးသဘာဝစွမ်းအားများလဲပေါတာကြောင့်လေ့ကျင့်ရန်သင့်တော်သော်လည်း လူသူအရောက်အပေါက်နည်းပါးကာ သားရဲများစွာကတော့ငြိမ်းချမ်းစွာခိုလှုံလျက်ရှိသည် ဒီကျွန်းကသူမဆတ်ဆော့ရင်းရောက်လာဖူးတာမို့အဝင်အထွက်လွယ်သည် သူမမြက်ခင်းပေါ်သို့ပိုင်ယီနှင့်လီဝမ်ကိုရွှေ့လိုက်ကာ လှဲစေလိုက်၏ ထို့နောက် သူမက လီဝမ်ရင်ဘတ်သို့အသာလေးစမ်းကြည့်လိုက်သောအခါ သူ၏နှလုံးခုန်သံမှာနှေးကွေး‌ပြီး လေးလံနေ၏ သူ၏ဟန်ပန်မှာအချိန်မရွေးပျောက်ကွယ်တော့မလိုမျိုးဖြူဖျော့နေပေပြီ ပိုင်ယီကလဲသိပ်မထူး သူတို့နှစ်ယောက်စလုံးမှာသတိလစ်ကာမေ့မျောနေသည့်တိုင် သူတို့၏ချောမောမူ့မှာတော့ပျောက်ကွယ်မသွားသေးပေ သို့သော် ဒီအချိန်မှာသူမကသူတို့ရဲ့ရုပ်ရည်ထက် သူတို့ရဲ့သေဘေးကိုသာစိတ်ပူနေသောကြောင့် ဂရုမစိုက်မိပေ

မော့ဟွားကသူတို့နှစိယောက်ကိုကြည့်လိုက်ကာရင်ထဲနာကျင်လာ၏ တယောက်ကသူမချစ်ရသူဖြစ်သလို တယောက်ကလည်းသူမကိုအရမ်းချစ်သောသူဖြစ်၏
သူတို့နှစ်ယောက်စလုံးသေဘေးကြုံတွေ့နေချိန်တွင် သူမကမျက်နှာမလွှဲနိုင်ပေ ပြီးတော့ သူမကိုတန်ဖိုးထားတဲ့သူ‌ေတွနဲ့သူမကတန်ဖိုးထားရတဲ့သူတွေပါအကုန်လုံးကိုသူမကကာကွယ်ပေးမှာပဲဖြစ်သည် သူမ၏နက်မှောင်နေသောမျက်ဝန်းများပြန်လည်ကြည်လင်လာပေမဲ့ သူမနဂိုပုံစံကိုတော့ပြန်မရသေး

(Complete)ကြုံခဲလှသည့်ဖူးစာ ၾကံဳခဲလွသည့္ဖူးစာnormal(Oc) Zgi&UniWhere stories live. Discover now