27.စွမ်းအင်ကျောက်တုံး စြမ္းအင္ေက်ာက္တံုး

2.1K 179 6
                                    


လီဝမ်က မျက်နှာဖြူ‌ေဖျာ့ကာပျက်ယွင်းသွား၏ မော့ဟွားက သူအစေခံအယောင်ဆောင်ခဲ့တာကို စိတ်ဆိုးနေပုံရသည့်အပြင် သူ့ကိုလဲ ပတ်သတ်ချင်ပုံမပေါ်ပေ
သူကတော့ နေ့နေ့ညညစွဲလန်းစွာဖြင့် တနေ့နေ့တွေ့နိုးတွေ့နိုးဖြင့်စောင့်စားလာရသည်မှာ ကြာလွန်းလှသည်ဟုထင်မိပေသည်

သို့သော်ယခုလူချင်းတွေ့သည့်အခါ သူ့နှလုံးသားကိုပိုင်စိုးနေသောနတ်ဘုရားမလေးမှာ သူ့ကိုအသိအမှတ်မပြုသောအခါ စိတ်ဓာတ်ပင်ကျချင်သွားရ၏

ဘုရင်နှစ်ပါးမှာတော့ အကဲခတ်လျက်သာရှိကာဘာမှဝင်မပြောပေ

လီဝမ်။"ဟွားဟွား ကျွန်တော့ကိုရှင်းပြခွင့်ပေးပါဦး "

"မှားနေတယ် ပြင်ခေါ် "
"သ....သခင်လေး"

ဘုရင်နှစ်ပါး။ ".............."

ခွီး သခင်လေးတဲ့လား ဒီလောက်လှတာကိုဘယ်လိုသခင်လေးခေါ်နိုင်မှာလဲ ပြီးတော့သူမကယောကျာ်းလေးလဲမဟုတ်ဘူး

"ကောင်းပြီ "

မော့ဟွားက ပြောကာခေါင်းငြိမ့်ပြလိုက်သောအခါ လီဝမ်မျက်နှာမှာအသွေးအရောင်များပြန်လွှမ်းလာကာ ပြန်လည်ကြည်လင်လာ၏

"ရှောင်ပိုင် ထတော့ သွားပြီးတော့ပိုင်ကောနားကသတင်းကိုသယ်လာခဲ့"

ရှောင်ပိုင်။ ".........."

ငါ့လိုမျိုးနတ်ဘုရားအဆင့်သားရဲကို နင်ပဲတောက်တိုမယ်ရခိုင်းဟုတ်ပြီလား ဟွမ့်

ရှောင်ပိုင်မှာသူမ‌ကိုယ်ပေါ်က ခုန်ဆင်းပြီး အပျင်းကြောဆန့်ကာ လှုပ်လီလှုပ်လဲ့ဖြင့်စတင်ထွက်ခွာသွား၏

ဘုရင်နှစ်ပါးမှာတော့ မော့ဟွားအားတအံတဩကြီးကြည့်နေကြသည် သူတို့ထဲတွင်လိဝမ်တယောက်သာ သူမကသားရဲစကားနားလည်တာကိုသိတာမို့ ပုံမှန်လိုပဲနေနိုင်သည်

အတန်ကြာမှ‌ေရှာင်ပိုင်ပြန်‌‌ေရာက်လာကာ မော့ဟွားအားသတင်းအချို့ပြောလိုက်သည် စစချင်းတွင် ဘုရင်နှစ်ပါးမှာ ခွေး‌တကောင်နှင့်စကားပြောနေသောမော့ဟွားအား မေးရိုးပြုတ်ကျမတတ်စိုက်ကြည့်နေသော်လဲ အတန်ကြာသော် မော့ဟွားပြန်ပြောပြသည့်သတင်းစကားအချို့ကြားအပြီးမှာတော့ ယုံချင်ချင် မယုံချင်ချင် ယုံလိုက်ရလေတော့သည်

(Complete)ကြုံခဲလှသည့်ဖူးစာ ၾကံဳခဲလွသည့္ဖူးစာnormal(Oc) Zgi&UniWhere stories live. Discover now