31.zgi

935 44 0
                                    

ကြုံခဲလှသည့်ဖူးစာ

၃၁.သူမရဲ့အကို၂

"ဟွားမေ့မေ့ သောင်းကျန်းနေပြန်ပြီလား"
"အမ် အကို ၂ အကို ၂လား"

မော့ဟွားကခေါင်းလေးလည်ကာလည်ကာဖြင့်လှည့်ရှာလိုက်၏
မကြာခင်အချိန်တွင် သစ်ပင်‌တွေကြားထဲမှာ အသံရှင်လေးကယပ်‌တောင်‌လေးကိုခပ်ကာခပ်ကာဖြင့်ထွက်လာ၏

အားလုံးက အသံရှင်ရှိရာသို့လှမ်းကြည့်လိုက်ကြသည် သူတို့ရှိနေရာသို့ လူငယ်တယောက်ကလမ်းလျောက်ကာလာနေ၏ ထိုလူငယ်၏သွင်ပြင်မှာစာတတ်ပေတတ်သဘောဆောင်ကာနူးညံ့သလို သူ့ရဲ့မျက်ဝန်းများထဲတွင် ထက်မြက်မူ့များလဲရှိသည်ကိုမြင်နိုင်၏ ထိုအပြင် ထိုလူငယ်ကအရမ်းကိုချောမောကာခန့်ညားနေသေးသည် အထူးသဖြင့် ထိုလူငယ်သည် မော့ဟွား၏ပညာသင်ဖက်ဖြစ်နေခြင်းကြောင့်ပင်ဖြစ်သည်

ဘုရင်နှစ်ပါးကလည်းသေချာကြည့်မိလိုက်ကြသည် သူတို့ကိုပြောပြထားသည့်အကြောင်းအရာများကြောင့် သူတို့လဲစိတ်ဝင်စားပေသည် မော့ဟွားတောင်ဒီလိုမျိုးထူးခြားနေတာ သူမရဲ့အကို ၂ဆိုသူကရော သူမလိုမျိုးထူးခြားတဲ့သူပဲလားဆိုတာ သူတို့ကသိလိုကြသည်

ထိုအချိန်တွင်ပိုင်ယီနှင့်လီဝမ်နှစ်ယောက်ကလဲဘာရည်ရွယ်ချက်မှမရှိပဲတယောက်နဲ့တယောက်ကြည့်မိသွားသည် သူတို့မျက်ဝန်းထဲတွင်ကိုယ်စီစိုးရိမ်မူ့များကထပ်ဟပ်လျက်ရှိရာ ယခုအခါဘာကိုမှဖုံးကွယ်လို့မရတော့ပေ နှစ်ယောက်စလုံးသိလိုက်သည်က ယှဉ်ပြိုင်ဖို့ဆိုတာသူတို့နှစ်ယောက်အတွက်ပဲမဟုတ်ဘူးဆိုတာ

မော့ဟွားကတော့ ထိုလူငယ်ကိုမြင်တာနဲ့ချက်ချင်းကိုပြေးသွားပြီးခုန်တက်လိုက်သည် သူမပျော်ရွင်နေပုံရကာ အရမ်းပျော်နေပုံရသောကြောင့် သူတို့ပင်မနာလိုဖြစ်ကြရသည်

ထိုလူငယ်ကလည်းဖမ်းလိုက်ပြီးခါးမှ‌မြောက်ချီကာ လေထဲတွင်ပင်တပတ်လှည့်လိုက်သေးသည် ထိုလူငယ်၏မျက်ဝန်းထဲတွင် ရိုသေလေးစားမူ့များရှိသလို အလိုလိုက်မူ့များ ချစ်ခင်မူ့များက နေရာယူလျက်ရှိပြီး ဒါက သူမော့ဟွားကိုအရမ်းချစ်တယ်ဆိုတာကိုသိစေနိုင်၏

(Complete)ကြုံခဲလှသည့်ဖူးစာ ၾကံဳခဲလွသည့္ဖူးစာnormal(Oc) Zgi&UniTempat cerita menjadi hidup. Temukan sekarang