▪️2▪️

6.4K 672 6
                                    

Unicode

အခန်း(၂)-ဘန်း!မိခင်တစ်ယောက်အဖြစ် ဘဝခရီးစတင်ခဲ့ပြီ၊ စိတ်လှုပ်ရှားစရာပဲ!

ရှုယန် မျက်လုံးဖွင့်လိုက်ပြီး မျက်နှာကျက်ကို ငေးကြည့်နေလေတယ်။မနေ့ညက ဝတ္ထုဖတ်နေပြီး နည်းနည်း နောက်ကျမှ အိပ်ရာမဝင်ရုံလေးနဲ့ သူမက ဝိဉာဉ်ကူးပြောင်းသွားပြီ တဲ့လား?

၀တ္ထုကိုပြောရလျှင် ရှုယန်ရဲ့ စိတ်တွေ တက်ကြွလာ လေတယ်။မူလအမျိုးသမီးဇာတ်လိုက်ရဲ့ မိဘတွေက မူလပိုင်ရှင် (မူလ ရှုယန်)ရဲ့ ယောက်ျားဟောင်း ယဲ့ကျစ်ချန်း နဲ့ သူ့ရဲ့ဇနီး အသစ်လေး လီကျောင်းကျောင်းဖြစ်နေပုံပဲ။ ပြီးတော့ မူလပိုင်ရှင်ရဲ့ ကလေးတွေရဲ့ နာမည်က ၀တ္ထုထဲက အဓိက အမြှောက်စာ ဇာတ်ကောင်တွေဖြစ်တဲ့ ယဲ့ကျင်းကျင်းနဲ့ ယဲ့ထျန်းပေါင်ဆိုတဲ့ နာမည်တွေ ဖြစ်နေတယ်။အရေးအကြီးဆုံးကတော့ စာအုပ်ထဲမှာ တစ်ခါမှ ပါ်မလာခဲ့တဲ့ ရှုယန်တောင်မှ အမြှောက်စာဇာတ်ကောင် တစ်ယောက်တဲ့။ သူမနဲ့ နာမည်ချင်း တူနေခဲ့တဲ့အတွက် စာအုပ်ရဲ့အပိုင်းတွေကို အတော်လေး အာရုံစိုက်ခဲ့တယ်။

ဝတ္ထုရဲ့အမျိုးသမီးဇာတ်လိုက်က ယဲ့ကျစ်ချန်းနဲ့ လီကျောင်းကျောင်းတို့ရဲ့ သမီး ယဲ့ရန်ရန် ဖြစ်တယ်။ သူမမှာ ဖအေတူ မအေကွဲ မောင်နှမ နှစ်ယောက်ရှိပြီး ယဲ့ကျစ်ချန်းနဲ့ သူ့ဇနီးဟောင်းတို့ရဲ့ ကလေးတွေဖြစ်တဲ့ ယဲ့ကျင်းကျင်းနဲ့ ယဲ့ထျန်းပေါင်တို့ပါ။ ကွာရှင်းတဲ့အခါ ကလေးတွေရဲ့ အုပ်ထိန်းခွင့်ကို ဇနီးဟောင်းက ရမှာဖြစ်တယ်။သူတို့ငယ်ရွယ်လွန်းသေးတဲ့ အချိန်မှာပဲ သူတို့အမေက ကားမတော်တဆမှုကြောင့် သေသွားခဲ့တယ်။ကလေးတွေဟာ သူတို့မိခင်ဘက်က အဖွားဆီမှာ ကြီးပြင်းလာခဲ့ကြပြီး သူတို့နေ့ရက်တွေက အတော်လေး မပျော်ရွှင်ခဲ့ကြပါဘူး။ဒါကြောင့် သူတို့က အမျိုးသမီးဇာတ်လိုက်ကို အများကြီးမုန်းပြီး သူမကို အနှောက်အယှက်ပေးဖို့ ဆုံးဖြတ်လိုက်ပေမယ့် ကံမကောင်းစွာပဲ အမျိုးသမီးဇာတ်လိုက်ကို ကယ်တင်ဖို့ အမျိုးသားဇာတ်လိုက်က အချိန်မီရောက်လာခဲ့ပြီး သူတို့က အမျိုးသားဇာတ်လိုက်ရဲ့ အမြစ်ဖျက်ချေမှုန်းခြင်း ခံလိုက်ရတယ်။

သူဌေးလက်သစ်၏ ဇနီးဟောင်း 🍀ဘာသာပြန်||completed||Where stories live. Discover now