212▪️213▪️214

1.9K 258 1
                                    

(၂၁၂) - နှင်းပွင့်တွေလို ရောက်လာတဲ့ အမှာစာများ (1)

အဲ့မှာ ရှိနေစဉ်တွင်း အနီးနားမှာ ဗေဒင်ဆရာ ရှိမရှိ ကိုလည်း လောင်ဟူကို မေးလိုက်တယ်။

"ဘာအတွက် ဗေဒင်ဆရာလိုတာလဲ။ "သူမက အယူသီးတဲ့ ပုံလည်း မပေါ်ပါဘူး။

"ကျွန်မ နေရာရဲ့ ပြုပြင်မွမ်းမံခြင်းက ပြီးသွားပြီ ဆိုတော့ နှစ်ကုန်လောက် ပြောင်းဖို့ စီစဉ်နေတာ။ ပြောင်းဖို့အတွက် ရက်ရာဇာ ရွေးဖို့လို လို့ပါ။"ရှုယန်က ပြောင်းရွေ့တော့မယ်လို့ ပြောတဲ့ အချိန်မှာ ဝမ်းသာနေပုံပေါ်တယ်။

" အာ.... ငါသိပြီ။ ဟုတ်တယ်။ မင်းအဲ့အတွက်ဆို ရက်ရာဇာ ရွေးသင့်တယ်။ ငါစဉ်းစားမိတဲ့ တစ်ယောက်တော့ ရှိတယ်။ အခု မင်းကို ခေါ်သွားပေးစေချင်လား" လောင်ဟူ တစ်ယောက် ရှုယန်ကို ဂုဏ်ပြုစကားပြောလိုက်တယ်။ ဘယ်အချိန်၊ ဘယ်နေရာပဲဖြစ်ပါစေ...အိမ်သစ်ကို ပြောင်းရွေ့ခြင်းက ဂုဏ်ပြုဖို့ အမြဲ ထိုက်တန်တယ်။

ရှုယန် အချိန်တစ်ချက် ကြည့်လိုက်တယ်။ စောနေသေးတာကြောင့် လောင်ဟူနဲ့အတူ ဗေဒင်ဆရာနဲ့ တွေ့ဖို့ သွားလိုက်တယ်။ ဗေဒင်ဆရာရဲ့ အိမ်က ဖုန်ကျယ်ယွီ အိမ်ရဲ့ ညဘက် ဘေးမှာ ဖြစ်နေတာကတော့ အရမ်းတိုက်ဆိုင်တယ်။ ရှုယန်ရဲ့ တောင်းဆိုမှုကို နားထောင်ပြီးနောက် လူအိုကြီးက သူ့လက်ချောင်းတွေကို ထိရင်း လူနာ ပြက္ကဒိန်ပေါ်က ဒီဇင်ဘာ 25 ရက်က အိမ်ပြောင်းဖို့အတွက် အကောင်းဆုံးရက်ဆိုတာကို တွက်ချက်လိုက်တယ်။

"ကျွန်မ သူငယ်ချင်းလည်းပဲ အဲ့ရက်ပြောင်းလိမ့်မယ်။ တခြား ရက်ရှိသေးလား" ရှုယန်က လင်းဟွေ့ကို အဲ့နေ့ သူမအတွက် ချက်ပြုတ်ပေးမယ်လို့ ကတိပေးပြီးပြီ။ သူမ စကားကို ပြန်မရုတ်သိမ်းချင်ဘူး။

"ဒီ 16 ရက်နေ့ လည်းဆိုးတော့ မဆိုးဘူး။ ဒါပေမယ့် အဲ့နေ့က မျောက်နှစ်တွေအတွက်တော့ ဆိုးတယ်။ မင်းမိသားစုထဲမှာ မျောက်နှစ် (တရုတ်ဇာတာခွင်)ရှိလား။" ဗေဒင်ဆရာကြီးက မေးလိုက်တယ်။

" မရှိဘူး။ ဒီ 16 ရက်က အဆင်ပြေတယ်။ ကျေးဇူးတင်ပါတယ် ဆရာ။" ရှယန် သူ့ဆီက ပါးပါးလျလျ စာရွက်နီကို ယူလိုက်ပြီး ပြန်ထွက်လာတော့ ဖုန်ကျယ်ယွီ နဲ့ ဆုံမိသွားတယ်။

သူဌေးလက်သစ်၏ ဇနီးဟောင်း 🍀ဘာသာပြန်||completed||Where stories live. Discover now