179▪️180▪️181

2.3K 297 3
                                    

အခန်း (၁၇၉) - ဖုန်ကျယ်ယွီက နေ့လည်စာဘူး ထပ်ယူလာတာကို မြင်တော့ အဘွားအိုတစ်ယောက် ပီတိဖြစ်သွားတယ် (2)

ကြော်ငြာ အကြောင်း ပြောရရင် ရှုယန် သူမ ကမ္ဘာက ထင်းမိန်ဆိုတဲ့ နာမည်နဲ့ အတွင်းခံအမှတ်တံဆိပ် အကြောင်း ပြန်စဉ်းစားလိုက်တယ်။ အဲ့ဒါက စင်စစ်တော့ ဦးနှောက်ဆေးနည်း ကြော်ငြာဖြစ်တယ်။သူတို့ရဲ့ ထုတ်ကုန်ကို ဝယ်တဲ့သူ ဘယ်လောက်ရှိလဲ ရှုယန် မသိပေမယ့် အများစုကတော့ ထိုထုတ်ကုန်ကို သိတာ သေချာပါတယ်။ သူတို့ရဲ့ လှည့်ကွက်တွေထဲက တစ်ခုက ဈေးအကြီးဆုံးအချိန်ကို ရွေးချယ်မယ့်အစား သင့်တော်တဲ့ ဈေးနှုန်းရှိတဲ့ အချိန်ကို အေးအေးဆေးဆေး ရွေးချယ်ချင်းဖြစ်တယ်။သူတို့ ဖန်တီးတဲ့ ကြော်ငြာတွေရဲ့ အကြိမ်အရေအတွက်နဲ့ အရှည်က အရမ်း မှတ်မိလွယ်တယ်။

"စဉ်းစားထားတာ မရှိဘူး။ လောလောဆယ်တော့ သေချာ မရှင်းပြနိုင်ဘူး။ အိမ်ပြန်ပြီး ချရေးကြည့်ပြီးရင် နင့်ကို ပို့လိုက်မယ်"အဲ့တစ်ခုအပြင် ရှုယန် ဦးနှောက်ဆေးနည်းကြော်ငြာ အနည်းငယ်ကို တွေးကြည့်လိုက်တယ်။ အိမ်ပြန်ရောက်ရင် အဲ့အကြောင်း တွေးကြည့်ဖို့ အချိန် လိုလိမ့်မယ်။

"ကောင်းပြီ။ ဒါဆို ငါ ကုမ္ပဏီတွေကို စာရင်းသွားသွင်းတော့မယ်။အိုး ဆိုင်မှာ တိုက်ရိုက် ရောင်းချနိုင်ဖို့ဆို အခြေချဖို့ မျက်နှာသာဆိုင်လိုလိမ့်မယ်။ လက်ကားရောင်းချသူတွေက ငါတို့ဆီက ဝယ်ချင်တယ်ဆိုရင် ငါတို့ရဲ့ ပြခန်းကို လူတွေခေါ်နိုင်ဖို့ဆို နှစ်ဆကျယ်မှ ရလိမ့်မယ်။"ဟူရွေ့ ရွှယ်က အရင်က စီးပွားရေးလုပ်ဖို့မလိုခဲ့ဘူး။ အခု အခုတော့ သူမရဲ့အတွေးထဲမှာ အိုင်ဒီယာကောင်းတွေ အများကြီး ရှိနေပြီ။

"ငါ့မှာ မငှားရသေးတဲ့ မျက်နှာသာဆိုင် တစ်ဆိုင်ရှိတယ်။ အဲ့ဒါကို ငါတို့ရဲ့ တိုက်ရိုက် ရောင်းချမယ့် ဆိုင်အဖြစ် သုံးလို့ရတယ်။" တွေးကြည့်ပြီးနောက် ရှုယန် ပြောလိုက်တယ်။"

"နင် မျက်နှာသာဆိုင်ဝယ်ခဲ့တာလား။ ဟယ်....အို.... ထင်မထားမိဘူး။ အဆင်ပြေတာပေါ့။ နောက်ကျရင် တစ်ယောက်ယောက်ကို သွားကြည့်ခိုင်းအုံးမယ်။ ငါတို့ အဲ့ဆိုင်ကုမ္ပဏီရဲ့ နာမည်နဲ့ ငှားနိုင်ပါတယ်" တချို့အရာတွေက စာရွက်ပေါ်မှာ ရှင်းရှင်းလင်းလင်းလုပ်ဖို့လိုတယ်လေ။

သူဌေးလက်သစ်၏ ဇနီးဟောင်း 🍀ဘာသာပြန်||completed||Where stories live. Discover now