6▪️7▪️8

5K 645 14
                                    


အခန်း (6)- သက်သေ စုစောင်းခြင်း (2)

သူမ မှတ်မိတာ မှန်မယ်ဆိုရင် သူမက ရှီမြို့တော်မှာ ရှိနေတာပဲ။ပထဝီဝင် လေထုပတ်ဝန်းကျင်၊ ဘာသာစကားနဲ့ ဓလေ့ထုံးထမ်းတွေက သူမ နေခဲ့ဖူးတဲ့နေရာနဲ့ အတော်လေးတူတယ်။ ဒုက္ခရှိသလို သုခရှိတာပဲ: သူမ ပြဿနာအများနဲ့ လုံးထွေးသတ်ပုတ်နေစရာ မလိုတော့ဘူးပေါ့။

သူမ အိမ်အပြင်ဘက် လမ်းလျှောက်လာလာချင်းပဲ ဆွံ့အသွားရတယ်။ ဒီခေတ်မှာ ဆဲလ်ဖုန်း မရှိသလို အင်တာနက်လည်းမရှိဘူး။ သူမ PI ကို ဘယ်လို သွားရှာရတော့မလဲ?(PI - private investigator)

မူလပိုင်ရှင်က အိမ်ရှင်မတစ်ယောက်သာသာပဲ ။ သူမက သာမန်လူတစ်ယောက် ဖြစ်နေတဲ့အပြင် အရင်က ဘယ်သူနဲ့မှလည်း အဆက်အသွယ်မရှိဖူးဘူး။ ဘယ်နေရာက စ,ရမလဲဆိုတာ သူမ တကယ်ပဲ မစဉ်းစားတက်တော့ဘူး။

ရှုယန့် သူမမှတ်ဉာဏ်ကို ဖိအားပေး ရှာဖွေကြည့်လိုက်တော့ ရုတ်တရက် တချို့အရာတွေရှာတွေ့သွားတယ်။မူလပိုင်ရှင်ရဲ့ ဦးလေးရဲ့ သားငယ်က ရှီမြို့တော်မှာ လမ်းသရဲတစ်ယောက်တဲ့။ဆိုရရင် သူက အခု နယ်မြေ ခေါင်းဆောင်တစ်ယောက်ဖြစ်တယ်။လွန်ခဲ့တဲ့နှစ်က ဦးလေးကြီး က တစ်ယောက်ယောက်ဆီကနေ အရိုက်ခံရတော့ သူ့သားက ဂိုဏ်း တစ်ခု ခေါ်လာတယ်။နောက်ဆုံး တစ်ဖက်အဖွဲ့က သူတို့ကို ငွေအမြောက်အများ ပေးပြီး ဖြစ်ရပ်ကို ကျေအေးခဲ့တယ်။

ရွာကို ပြန်ရောက်တော့ တကယ်အလုပ်မရှိသူတိုင်း အဲ့အကြောင်း အတင်းပြောကြတော့တယ်။အထူးသဖြင့် နာမည်ဆိုးနဲ့ကျော်ကြားတဲ့သူမရဲ့ ဝမ်းကွဲအကြောင်းပေါ့။တစ်ယောက်မှ သူ့ရှေ့ မပြောကြပေမယ့် သူ့နောက်ကွယ်မှာတော့ အများကြီး ပြောကြတယ်။တိုတိုပြောရရင် ရှုယန့် မိဘတွေက သူမနဲ့ သူမရဲ့မောင်နှမတွေကို ဒီဝမ်းကွဲနဲ့ မပတ်သတ်ဖို့ အမြဲပြောတယ်။မူလပိုင်ရှင် ရှီမြို့တော်ကို ရောက်တာ အခုဆို တစ်နှစ်ကျော်လောက်ရှိပေမယ့် ဒီဝမ်းကွဲနဲ့ တစ်ခါမှ အဆက်အသွယ်မရှိဘူး။ အဲ့ဒါကပဲ သူတို့ ဆက်ဆံရေး ဘယ်လောက်ဝေးကွာလဲဆိုတာ ပြောပြနေတယ်။

မူလပိုင်ရှင်က သူက လမ်းသရဲ တစ်ယောက်သာဖြစ်ပြီး သူမနဲ့ ပေါင်းသင်းလို မဟုတ်ဘူးလို့ ခံစားရနိုင်ပေမယ့် ရှုယန့်ရဲ့ အတွေးကတော့ ခြားနားတယ်။သူမ မှတ်မိရသလောက်တော့ ဒီသူမရဲ့ အသင့်ရတဲ့ ဝမ်းကွဲက သူကလေးဘ၀တုန်းကဆိုရင် သူ့ရဲ့ညီကိုမောင်နှမတွေကို အမြဲ ကာကွယ်ပေးတယ်။အရင်က ကျောင်းမှာ သူတို့ကို အနိုင်ကျင့်ရဲတဲ့ ဘယ်သူမဆို သူရိုက်နှက်ဖူးသူချည်းပဲ။အခုတောင်မှ ဘယ်ဆွေမျိုးတွေ အနိုင်ကျင့်ခံတာ ဖြစ်ဖြစ် သူ့ကို အကူအညီတောင်းလိုက်တာနဲ့ သူက ဂိုဏ်းတစ်ခုနဲ့ အမြဲအပြေးရောက်လာတယ်။

သူဌေးလက်သစ်၏ ဇနီးဟောင်း 🍀ဘာသာပြန်||completed||Where stories live. Discover now