158▪️159▪️160

2.3K 366 2
                                    

အခန်း (၁၅၈) - တယ်လီဖုန်းတပ်ဆင်ခြင်း (3)

ယွမ် ၁၀၀၀၀ ? 1992ခုနှစ်မှာ ယွမ် ၁၀၀၀၀ရဖို့အတွက် အသက် ၂၀ ဝန်းကျင် မိန်းကလေးကိုတောင်းဆိုနေတယ်တဲ့လား။ သူမမိဘတွေက ဒီလိုတောင်းဆိုမှုကို ဘယ်လိုတောင် လုပ်နိုင်ရတာလဲ။

ရှုယန် အရင်က ယင်ယင်ရဲ့ နေ့လည်စာဘူးကို မြင်ခဲ့တယ်။ သူမ မိသားစုက ဆင်းရဲတယ်လို့ ရှုယန်ထင်ခဲ့တာ။ အမျိုးသမီးများထက် အမျိုးသားများ အပေါ် လွန်ကဲသော ရပ်တည်ချက်ရလဒ်လို့ မမျှော်လင့်ထားဘူး။

"နင့်မောင်လေးတင် မဟုတ်ဘဲ နင်ကလည်း နင့်မိဘတွေ ကျွေးမွေးပျိုးထောင်ခဲ့တဲ့ သမီးတစ်ယောက်ပဲလေ။ နင့်မိဘတွေ အရွယ်ရလာတဲ့အခါ နင်ကလည်း မိသားစုရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်လာဖို့လိုတယ်။ အခု နင့်မောင်လေးကို ထောက်ပံ့ဖို့က လိုတာမဟုတ်ဘူး။ မမိုက်မဲစမ်းပါနဲ့။ နင့်စိတ် အနစ်ထားဆုံးကို သူတို့က စိတ်ထဲရှိမှာ မဟုတ်ဘူး။ ဒါကြောင့် နင့်ကိုယ်နင်အတွက်ပဲ စိတ်နစ်ထား။ နင့်ဘဝ နင်ပိုင်တယ်။"ရှုယန် ယင်ယင်ရဲ့ ပခုံးကို ပုတ်လိုက်တယ်။"နင် ငွေဘယ်လောက် ရှာနိုင်တယ်ဆိုတာ နင့်မိဘတွေက သိလား"(🍂: ဒီအပိုင်းကျမှ ပါလာတယ်။ ယင်ယင်ရဲ့ အစ်ကိုမဟုတ်ဘဲ မောင်လေး ပါတဲ့။ ရှေ့ပိုင်းတွေကို ပြန်ပြင်လိုက်ပါ့မယ်)

ယင်ယင်ခေါင်းခါလိုက်တယ်။"ကျွန်မ သူတို့ကို ကျွန်မရဲ့ အခြေခံလစာနဲ့ ထောက်ပံ့ကြေး အကြောင်း ပြောပြထားတယ်။ ကျွန်မရဲ့ ကော်မရှင်ခကိုတော့ မပြောပြထားဘူး။"

"ဒါဆို မပြောပြနဲ့တော့။ နင်ဒီနေ့ အိမ်ပြန်ရောက်ရင် ထောက်ပံ့ကြေးကို ဖျက်သိမ်းလိုက်ပြီး အစားအသောက်ကို အလုပ်က စီစဉ်ပေးလိမ့်မယ် ဆိုတာ အသိပေးလိုက်။ အခုကစပြီး ကိုယ်စားဖို့ သောက်ဖို့ ယူလာတော့။ နင်စားနေတာတွေက ပေါက်စီတွေ၊ အသီးအရွက်တွေချည်းပဲ။ နင်ဘယ်လောက် ပိန်နေလဲ ကြည့်။နင်သာ ဝိတ်ထက် ကျသွားရင် ငါနင့်ကို ဆက်မထားနိုင်တော့ဘူး။" ရှုယန် တမင်သက်သက် ခြိမ်းခြောက်လိုက်တယ်။ "ပြီးတော့ ကော်မရှင်ခ အကြောင်း မပြောနဲ့တော့နော်။ အဲ့ငွေကို ကိုယ့်ဘာကိုယ် စုထားလိုက်။ နောင်တစ်ချိန် နင့်မှာ မိသားစုရှိဖို့ အခွင့်အရေးရှိလာမှာဆိုပေမယ့် ဒီလိုမျိုးတော့ မဟုတ်တော့ဘူးပေါ့။"

သူဌေးလက်သစ်၏ ဇနီးဟောင်း 🍀ဘာသာပြန်||completed||Where stories live. Discover now