314▫️315▫️316

1.3K 195 4
                                    


အခန်း (၃၁၄)

အိမ်က သေချာပေါက် ပြဿနာ မရှိပါဘူး။ တည်နေရာနဲ့ အခန်းဖွဲ့စည်းပုံကလွဲရင် ရှုယန်ကျေနပ်တယ်။ အခု စျေးကသာ ကိစ္စရှိတာဖြစ်တယ်။ ဈေးသင့်ရင် သူမ ဝယ်မယ်။

"ဒီတော့ ရှင် ဆုံးဖြတ်ပြီးပြီလား" တခြားသူအများစုက ဆုံးဖြတ်ချက်မချခင် အကြိမ် အနည်းငယ် လှည့်ပတ်ကြည့်ရှုကြတယ်။ ဒီတစ်ယောက်ကိုလည်း တစ်ကြိမ်လောက် လှည့်ပတ်ပြဖို့ လိုတယ်။

" ဆုံးဖြတ်ပြီး သလောက်ပါပဲ။ကျွန်မ နည်းနည်း လှည့်ပတ်ကြည့်ပြီးသွားတာတောင် ပြောင်းလဲတာ သိပ်မရှိဘူးပဲ။ သူတို့ရဲ့ အဓိကအချက်ကို ရှာတွေ့ပြီ။ ဈေးသင့်တင့်ရင် ကျွန်မ ဝယ်မယ်။"အမှန်အတိုင်းပြောရရင် ဒီလို အိမ်ဟောင်းတစ်လုံးမှာ အခါအားလျော်စွာ နေရတာက အဆင်ပြေတယ်။ အမြဲနေထိုင်ဖို့ကျတော့ တိုက်ခန်းက သက်တောင့်သက်သာ ရှိတယ်။ နောက်အနှစ်၂၀-၃၀က ဒီဇိုင်းကို အသုံးပြုပြီး သူမလက်ရှိတိုက်ခန်းကို ဒီဇိုင်းဖော်ထားတာကိုတော့ ရှုယန် မဖော်ပြတော့ဘူးပေါ့။ အဲ့မှာနေရတာက အရမ်း သက်တောင့်သက်သာ ရှိတယ်။ ရင်းနှီးမြှုပ်နှံဖို့ ရည်ရွယ်ချက်အတွက်ပဲ သူမ ဒီနေရာကို ဝယ်တာဖြစ်တယ်။

ပွင့်ပွင့်လင်းလင်းပြောရရင် သူမက ဖြိုချခံရမယ့်အချိန်ကို စောင့်မှာ ဖြစ်တယ်။တခြား အိမ်တစ်လုံးဖြစ်စေ၊ ရုံးခန်းတစ်ခန်း ဖြစ်စေ အစားထိုးလို့ရသလို ငှားခကောင်းကောင်းနဲ့လည်း အမြဲ ငှားလို့ရတယ်။

လောင်ဟူရဲ့ အထူးစွမ်းရည်က ဈေးညှိနှိုင်းတာ ဖြစ်တယ်။ ရှုယန် အနောက်ဘက် ခြံဝင်းကို သွားလိုက်ပြီး သူ့ကို ဖြေရှင်းခွင့်ပြုထားလိုက်တယ်။ ခြံဝင်းရဲ့ ထောင့်မှာ တရုတ်နှင်းဆီတွေ ရှိနေတယ်။ ရှုယန် လျှောက်သွားပြီး နမ်းကြည့်လိုက်တယ်။ အရမ်းကို ဖျော့တော့တဲ့ ရနံ့လေးရှိတယ်။ နွေရာသီအချိန်ဆို လေနုအေးလေးနဲ့ အနောက်ဘက် ခြံဝင်းမှာ ကြယ် ကြည့်တာက အရမ်းကောင်းလိမ့်မယ်။

သူမလှည့်လိုက်တော့ ရေကရားလေးနဲ့ ပန်းရေလောင်းနေတဲ့ အဘွားအိုတစ်ယောက်ကို မြင်လိုက်တယ်။

ရှုယန်ကို မြင်တဲ့အချိန်မှာ အဘွားအိုက ခေါင်းညိတ်ပြုံးပြပြီး ရေဆက်လောင်းနေတယ်။ သူမ အရင်က ရှုယန်နဲ့ ဆုံဖူးတာကို မေ့သွားတာဖြစ်မယ်။ ဒါမှမဟုတ် ရှုယန် အများကြီး ပြောင်းလဲသွားတာကြောင့် အဘွားအို သူမကို မမှတ်မိတော့တာ ဖြစ်မယ်။

သူဌေးလက်သစ်၏ ဇနီးဟောင်း 🍀ဘာသာပြန်||completed||Where stories live. Discover now