450▫️451▫️452

999 137 0
                                    

အခန်း (၄၅၀)

မျက်မှန်နဲ့ အမျိုးသားက ရှုလီ ရှုယန်ရဲ့ နာမည်ခေါ် ပုံကိုကြားတော့ ရှုယန်ကို နှုတ်ဆက်စကားပြောလာတယ်။

"မင်္ဂလာပါ။ နေကောင်းလား။ ကျွန်တော်က ဒီနားက မူလတန်းကျောင်းက ဆရာပါ။ ကျွန်တော့် အတန်းအတွက် ပစ္စည်းတချို့ လာရွေးတာ" သူ့အပြုံးက နည်းနည်း ရှက်ဟန်သန်းနေတယ်။

"မင်္ဂလာပါ " ရှုယန် ယဉ်ကျေးမှုအရ ခေါင်းညိတ်ပြလိုက်တယ်။ သူမ အမျိုးသားကို ကြည့်လိုက်တယ်။ သူက သင့်တင့်တဲ့ ရုပ်ရည်ရှိပြီး သဘောကောင်းကာ ဘေးနားက မူလတန်းကျောင်းက ဆရာတစ်ယောက် ဖြစ်တယ်။ သူမထင်မြင်ချက်မှားနေလားလို့ ရှယန် မတွေးမိဘဲ မနေနိုင်ဘူး။

"ဒါဆို...ကျေးဇူးအများကြီး တင်ပါတယ်။ သူဌေးရှု။ ပစ္စည်းတွေ ဘယ်အချိန်ရောက်မလဲ။"ဆရာက မျက်မှန် ပင့်တင်ရင်း မေးလိုက်တယ်။

"မနက်ဖြန်ရောက်မယ်။ ရှင် နေ့ခင်းဘက် လာနိုင်တယ်" အမျိုးသား ယဉ်ကျေးစွာ ထွက်သွားတာ မြင်တော့ ရှုလီ ရှုယန်ကို လျှင်မြန်စွာ ရှင်းပြလိုက်တယ်။"သူက လေ့ကျင့်ခန်းစာရွက်နဲ့ ကျောင်းသုံးပစ္စည်းတွေ မကြာခဏ လာမှာနေကျလေ။ ငါတို့ တစ်ယောက်နဲ့တစ်ယောက် စကားတွေအများကြီး မပြောပါဘူး"

"နင် သူနဲ့ စကားပြောတာ ပုံမှန်ပဲ မဟုတ်ဘူးလား။ နင် ငါ့ကို ဘာရှင်းပြစရာ လိုလို့လဲ " ရယ်စရာကောင်းတာတွေ့လို့ ရှုယန် မေးလိုက်တယ်။

"ငါ……ငါ နင့်ကို အတွေး မမှားစေချင်လို့ပါ။" ရှုယန် ဘာမှ မပြောတာကို တွေ့တော့ ရှုလီ စိတ်သက်သာရာ ရသွားတယ်။

ပြဿနာဖြစ်စေတဲ့အရာကို ရှုယန် အမှတ်ရလိုက်တယ်။ အမျိုးသား ဆရာက တကယ်ကို သာမန်ဖောက်သည် တစ်ယောက် ဖြစ်တာကြောင့် ဘာမှ ဖုံးကွယ်စရာမရှိသလိုမျိုး ပြုမူတာ ဖြစ်တယ်။ ရှုလီကလည်း သူနဲ့ ပတ်သက်လို့ ဘာအတွေးမှ မရှိဘူး။ သူမက ရှုယန်ကို နားလည်မှု မလွှဲစေချင်တာကြောင့်ပဲ ကိုးရိုးကားယား ခံစားနေရတယ်။

အဆုံးမှာတော့ ကွာရှင်းထားတဲ့ ရှုလီမှာ မကောင်းတဲ့ အကျိုးသက်ရောက်မှုရှိတယ်။ဥပမာအားဖြင့် သူမမှာ ဂုဏ်ငယ်ခြင်းတွေ ရှိနေတယ်။ သူမက တစ်ခုလပ် ဖြစ်တယ်ဆိုတဲ့ အချက်က သူမကို ရှက်မိစေတယ်။

သူဌေးလက်သစ်၏ ဇနီးဟောင်း 🍀ဘာသာပြန်||completed||Where stories live. Discover now