308▫️309▫️310

1.3K 199 0
                                    


အခန်း(၃၀၈)

ရှုယန် အိမ်ပြန်ရောက်ပြီး သိပ်မကြာခင်မှာပဲ လင်းဟွေ့ရောက်လာတယ်။

"သတင်းကြီးဟေ့! အရမ်းလှတဲ့အမျိုးသမီးတစ်ယောက်က လမ်းလယ်ခေါင်မှာ ဒူးထောက်ပြီး မျက်ရည်တွေနဲ့ ခွင့်လွတ်ပေးဖို့အတွက် ဖုန်ကျယ်ယွီကို တောင်းပန်နေတယ်။ သူမ အရင်က ဖုန်ကျယ်ယွီ ကယ်ခဲ့တဲ့ တစ်ယောက်တဲ့။ သူမ အသေးစိတ် ရေးထားတဲ့ ရေးထားတဲ့ ဆိုင်းပုဒ်တစ်ခုကို ခေါင်းပေါ်မှာ ကိုင်ပြီးတော့တောင် ပေါ်လာတယ်။သူမက အော်ငိုနေတာ။ " အထူးသဖြင့် လင်းဟွေ့က အရမ်းစိတ်အားထက်သန်နေတယ်။ ဒီနေရာက အမျိုးသမီးတွေ အားလုံးလည်း စိတ်အားထက်သန်နေကြတယ်။

"သူ အရင်က ကယ်ခဲ့တဲ့ မိန်းကလေးလား" သူမက ဒူးထောက်ပြီး ဖုန်ကျယ်ယွီရဲ့ ခွင့်လွှတ်မှုရဖို့အတွက် လာတောင်းပန်ခဲ့တာလား။

" ဟုတ်တယ်။ သူမအမေလည်း အဲ့မှာ ရှိတယ်။ နှစ်ယောက်လုံး ဒူးထောက်နေပြီး တစ်ယောက်နဲ့ တစ်ယောက် ဖက်ထားကြတယ်။ သူတို့ အရင်က ဖုန်ကျယ်ယွီကို စွပ်စွဲဖို့ ဖိအားပေးခံခဲ့ရပြီး ဒီနှစ်တွေတစ်လျှောက်လုံး အပြစ်ရှိသလို ခံစားနေရပါတယ်ဆိုပြီး မျက်ရည်တွေနဲ့ ပြောနေတာ။ အဲ့ကတည်းက သူတို့ ငြိမ်းငြိမ်းချမ်းချမ်းနေရတဲ့ နေ့၊ ကောင်းကောင်း အိပ်ပျော်နေ့ မရှိဘူးတဲ့။ အဲ့ကတည်းက အဲ့မိန်းကလေးရဲ့ အဖေက စိတ်ဓာတ်ကျခဲ့ပြီး လွန်ခဲ့တဲ့ တစ်နှစ်ကပဲ ကွယ်လွန်သွားတယ်ဆိုပဲ။ သူက အသက် ၆၀ တောင် မပြည့်သေးဘူးတဲ့။ ကိစ္စတစ်ခုလုံးက အရမ်းဝမ်းနည်းစရာ ကောင်းလိုက်တာ။ အဲ့ဒါကြောင့် လူတစ်ယောက်က ဆိုးရွားတဲ့ ကိစ္စ ဘယ်တော့မှ မလုပ်သင့်ဘူးဆိုတာပဲ။ အဲ့မိန်းကလေးရဲ့ နေ့ရက်တွေက ကောင်းတာ မရှိခဲ့ဘူးလို့ ပြောတယ်။ အသေးစိတ်တော့ မသိပါဘူးလေ။ တစ်ခါတစ်လေ အရမ်းလှပလွန်းတာက ဆိုးရွားတဲ့အရာတွေ ဖြစ်စေနိုင်တယ်ထင်တယ်။ငါတို့လိုမျိုး သာမန်လူ ဖြစ်နေတာက အကောင်းဆုံးပဲ"

ပြောရင်းနဲ့ လင်းဟွေ့တစ်ယောက် ရှုယန်ကို နီးနီးကပ်ကပ် လေ့လာလိုက်ပြီး ရုတ်တရက် အံ့ဩတကြီး ပြောလိုက်တယ်။"နေပါဦး။ မဟုတ်သေးဘူး။ ဒီမှာ သာမန်လူက ငါတစ်ယောက်ထဲပဲ။ နင် ဘယ်အချိန်က ဒီလောက် လှလာတာလဲ" သူမက ရှယန်ကို နေ့တိုင်း မြင်တွေ့နေရလို့ ဖြစ်မယ်။ လင်းဟွေ့ ရှုယန်ရဲ့ သွင်ပြင်ကို သိပ်အာရုံမစိုက်ခဲ့မိဘူး။ အခုသူမရဲ့ ကြည့်ကောင်းတဲ့သွင်ပြင်ကို သတိထားမိတော့ ချက်ချင်း အားကျ မနာလို ဖြစ်မိသွားတယ်။ "နင် ဘယ်အချိန်တည်းက ဒီလောက် လှလာတာလဲ။"

သူဌေးလက်သစ်၏ ဇနီးဟောင်း 🍀ဘာသာပြန်||completed||Where stories live. Discover now