291▪️292▪️293

1.4K 187 4
                                    


အခန်း(၂၉၁)

ထျန်းပေါင် IV ချိတ်လို့ ပြီးသွားတဲ့ အချိန်မှာ ကောင်းကင်က လင်းနေပြီ။ ရှုယန် သန်းဝေလိုက်ပြီး တက်ကြွနေသေးတဲ့ ဖုန်းကျယ်ယွီကို ကြည့်ကာ အားကျမနာလို ဖြစ်မိတယ်။

"ကျွန်မတို့ အပြင်မှာ မနက်စာစား သင့်လား။ အိမ်ပြန်ပြီး မနက်စာ စားသင့်လား" ရှုယန် ဖုန်းကျယ်ယွီကို မေးလိုက်တယ်။

ဖုန်ကျယ်ယွီ ခဏလောက် တန့်သွားပြီး အဆွယ်ခံလိုက်ရတယ်။ "အပြင်မှာ စားရအောင်။ ပြီးရင် မင်းတို့ နှစ်ယောက်ကို အိမ်ပြန်ပို့ပေးမယ်။"

ဖုန်ကျယ်ယွီက  ကားမောင်းဖို့ ထျန်းပေါင်ကို ရှုယန်ဆီ လွဲပေးနေတုန်းမှာ ထျန်းပေါင် နိုးသွားတယ်။ သူက တစ်ညလုံး မှိန်းနေခဲ့ပြီး ဖုန်းကျယ်ယွီကို ချက်ချင်း သတိမထားမိဘူး။

"ဦးလေဖုန်" ထျန်းပေါင်က ဖုန်ကျယ်ယွီကို မြင်ချိန်မှာ နုံအသော အပြုံးကြီး ပြုံးပြလိုက်တယ်။

"အာ၊ မင်း နိုးပြီပဲ။ ဘယ်လိုခံစားရလဲ။" ဖုန်ကျယ်ယွီက ထျန်းပေါင်ခေါင်းကို ပုတ်ရင်း မေးလိုက်တယ်။

"သား ပိုကောင်းလာပြီ"

ရိုးရှင်းတဲ့ မနက်စာ စားပြီးနောက် ထောင့်တစ်နေရာကို ကားဝိုက်လိုက်ပြီး ရပ်ကွက်လေးထဲမှာ ကားရပ်လိုက်တယ်။ " ငါ မင်းကို ဒီနေရာမှာ ချပေးမယ်။ မင်း လိုအပ်တာရှိရင် ငါ့ကို ခေါ်လိုက်ပါ။"

"ရှင် လာမလည် ချင်ဘူးလား" ရှုယန် ဖုန်ကျယ်ယွီကြည့်ပြီး မေးလိုက်တယ်။

" အဆင်ပြေတယ်။မင်း တစ်ညလုံး ရပ်နေရတယ်။ မင်း သွားနားသင့်တယ်။" ဖုန်ကျယ်ယွီက ကားထဲက မထွက်ဘူး။ သူက ရှုယန်ကို အိမ်ပြန်ဖို့ တိုက်တွန်းနေတယ်။

သူက သူမနဲ့ တွဲမြင်သွားမှာစိုးနေတာ ရှုယန်သိတယ်။ သူမ သိပ်မကောင်းသလို ခံစားရတယ်။ ကလေးနဲ့ အတူ ကားပေါ်က ဆင်းလိုက်ပြီး မောင်းထွက်သွားတဲ့ ကားလေးကို လှည့်ကြည့်လိုက်တယ်။သူမ ဒါကို အချိန်ဆက်မဆွဲထားနိုင်တော့ဘူး။ ဒါက ဖုန်ကျယ်ယွီအတွက် မမျှတဘူး။

သူမ စိတ်ရင်းကို ရှာဖို့ လိုတယ်။ တကယ်စင်စစ် သူမ သူ့ကို ဘယ်လောက်ကြိုက်လဲ။ သူက သူမကို စောင့်ရှောက်ပေးနိုင်တဲ့ လုံခြုံတဲ့ စိတ်ခံစားချက် ကြောင့် သူ့အပေါ် ခံစားချက် ရှိနေတာလား။ ဒါမှမဟုတ် သူ့အရင်က ဇာတ်လမ်းကို ကြားပြီး သူမက သူရဲကောင်းကြိုက် ရှိနေတာလား။ အကယ်၍ သူမက လက်ကျန်ဘဝ တစ်လျှောက်လုံး သူနဲ့ ကုန်ဆုံးသွားနိုင်တဲ့အထိ သူ့ကို ကြိုက်ခဲ့ရင် သူနဲ့အတူ ရှိဖို့ သူမစွမ်းအားရှိသမျှ အရာအားလုံးလုပ်မယ်။

သူဌေးလက်သစ်၏ ဇနီးဟောင်း 🍀ဘာသာပြန်||completed||Where stories live. Discover now