237▪️238▪️239

1.8K 236 5
                                    

အခန်း(၂၃၇)_"အစ်ကိုယွီ၊ မစ္စရှု ဒီည ကုန်ပစ္စည်း သွားတင်မလိုတဲ့" (1)

၈ရက်နေ့မှာ ရှုယန်ရဲ့ဆိုင်အပါအဝင် လမ်းကြီး လမ်းငယ်ပေါ်က မျက်နှာသာဆိုင်အများစု ပြန်ဖွင့်ကြတယ်။

သူမ ဆိုင်ကို ဘဲကင်ယူသွားပြီး ကျိုးယိရွှမ်း(ကျန်းဟွာရွှီလို့ မှတ်ပါလေ)နဲ့ ယင်ယင်ကို တစ်ယောက် နှစ်ကောင်စီ ပေးလိုက်တယ်။ ကျိုးယိရွှမ်းက အရင်အတိုင်း ရှိနေပေမယ့် ယင်ယင်ကတော့ အံ့ဩနေဆဲ ဖြစ်တယ်။

"လောင်ပန်နျောင် နှစ်သစ်ကူးမှာ မြို့တော်ကို သွားခဲ့တာလား" သူမ အရင်က လောင်ပန်နျောင် ရှီမြို့တော်ရဲ့ ဒေသိယစကားပြောတာကို ကြားဖူးသလိုပဲ။ သူမက မြို့တော်က လာတာလို့ မထင်ထားဘူး။

"အင်း....တကယ်တော့ နန်မြို့တော်မှာ ဆွေမျိုးတွေ မရှိဘူးဆိုတော့ အိမ်မှာ ဘာမှ လုပ်စရာ မရှိဘူးလေ။ ကလေးတွေကို မြို့တော်ကို အလည်အပတ်ခေါ်သွားမယ်လို့ တွေးလိုက်တာ။ နင်တို့ရဲ့ နှစ်သစ်ကူးကရော ဘယ်လိုလဲ" ရှုယန် အရင်က မြို့တော်မှာ ရှိဖူးပေမယ့် ပျော်စရာ အတွေ့အကြုံမရှိဘူး။ သူမ အလည်အပတ် သွားခဲ့တုန်းက အရမ်းကို အနေရကျပ်ကာ နေရာထိုင်ခင်းနဲ့ အစားအသောက် လည်း အဆင် မပြေခဲ့ဘူး။

ရိုးရိုးရှင်းရှင်း ပြောရရင် အဲ့အချိန်က သူမက ဆင်းရဲခဲ့တယ်။ စိတ်ကြိုက် ခရီးစဉ် တစ်ခုကို ပါဝင်ဖြစ်ခဲ့ရင် အတွေ့အကြုံ ပိုရှိလိမ့်မှာ အသေအချာပါပဲ။ ဒီအချိန်မှာတော့ ရှုယန် သူမကလေးတွေနဲ့ နေရာဒေသအများကြီးနဲ့ အစားရှိရာနေရာတွေ လည်ပတ်ခဲ့တယ်။ အထူးသဖြင့် အထူးအဖြင့် ထမင်းစားခန်းသို့ ရောက်တဲ့အခါ နေရာတော်တော်များများက အလုပ်လုပ်ကိုင်နေတဲ့ လူတန်းစားတွေအတွက် ကြီးမားလှတယ်။ ရှုယန်သာ ဝင်ငွေ တစ်လ ယွမ်၄၀၀ကျော်၅၀၀နဲ့ဆို သူမကလေးတွေကို ခေါ်သွားချင်မှာ မဟုတ်တာ သေချာတယ်။

ရှုယန်ရဲ့ မေးခွန်းကို ကြားတော့ ကျန်းဟွာရွှီကတောက်တောက်ပပပုံစံနဲ့ ဖိတ်ကြားလွှာ နှစ်ဆောင်ကို ထုတ်လိုက်ပြီး ပြောလိုက်တယ်။ "ကျွန်မ ဒီလ ၁၂ ရက်နေ့ လက်ထပ်တော့မယ်။ ဘော့စ်နဲ့ နင် လာခဲ့ကြနော်"

သူဌေးလက်သစ်၏ ဇနီးဟောင်း 🍀ဘာသာပြန်||completed||Where stories live. Discover now