331▫️332▫️333▫️334

1.4K 202 5
                                    


အခန်း (၃၃၁)

သူတို့ ရက်အနည်းကြာစောင့်ပြီးနောက် ...ရှုယန် အကြောင်း မပြောနဲ့။ ရှုကျန့်ယန်တောင်မှ ပျောက်ကွယ်သွားခဲ့တယ်။ သူတို့ ကြိုတင်ပေးချေထားတဲ့ ငွေတွေလည်း ကုန်သွားခဲ့ပြီး ငွေပေးချေ ဖို့အတွက် ဆေးရုံက ခဏခဏ တောင်းဆိုနေပြီ ဖြစ်တယ်။ ရွေးချယ်စရာ မရှိတော့တဲ့အတွက် မိသားစုဟာ သူတို့အမေကို ဆေးရုံဆင်းခိုင်းရတော့တယ်။

ရှုယိုဖူဟာ လင်းဇီရှန်းကို အိမ်ပြန်လမ်းမှာ အော်ဟစ် ကျိန်းမောင်းခဲ့တယ်။" မင်းရဲ့ တုံးအတဲ့ အကြံဉာဏ်ကိုလည်း ကြည့်အုံး။ သူမပြန်လာဖို့ မလှည့်စားနိုင်ဘူး။ ငါတို့ ဆေးရုံမှာ ငွေအများကြီး သုံးလိုက်ရတာနဲ့ပဲ အဆုံးသက်သွားတယ်။"

"အိုး.. အဲ့ဒါက လွယ်တယ်ထင်နေလား။ ကိုယ်အလေးချိန်ကြပြီး ကျုပ်ကိုယ်တိုင် အကြာကြီး အငတ်ခံလိုက်ရပြီး ကြုံရာဆေးပြားတွေ သောက်လိုက်ရတယ်။" ရှုယန်အကြောင်း တွေးမိတဲ့အခါ လင်းဇီရှန်း သွားကြိတ်လိုက်တယ်။"ရှောင်ဖုန်းပြောသလိုပဲ။ အဲ့မိန်းကလေးက ကွာရှင်းပြီး ကတည်း က လုံးဝ တခြားတစ်ယောက်လို ဖြစ်သွားတယ်။ အရင်ကဆို ငါခေါင်းကိုက်တယ်၊ ဖျားတယ် ဆိုရုံနဲ့ ပြန်ပြေးလာနေကျ။ အခုတော့ သူဟာ ငါ သေမယ်ဆိုရင်တောင် ပြန်မလာလောက်ဘူး။ ရှုကျန့်ယန် လုံးဝ ဖုန်းမခေါ်ခဲ့တာများလား။"

" ဘယ်သူသိမှာလဲ။ သူဖုန်းခေါ်တာကို သားတို့ တကယ်မြင်ရတာမှ မဟုတ်တာ။ "ရှုကျန့်ပင်း ဖြစ်နိုင်ချေ တစ်ခုကို တွေးလိုက်တယ်။ " အမေ... အမေ ထင်လား... ဖြစ်နိုင်တာက... ရှုကျန့်ယန်က ... ကျွန်တော့်ညီမကို..?" သူက စကားပြောရင်း သူ့လည်ပင်းပေါ်ကို လက်နဲ့ ဖိပြလိုက်တယ်။

လင်းဇီရှန်းတုန်လှုပ်သွားတယ်။ " ငါတော့ အဲ့လို ထင်ပါဘူး။ နင့်အဖေ သူ့ကိုယ်သူ ထိခိုက်အောင်လုပ်တုန်းက နင့်အစ်မက ယွမ်၁,၀၀၀ တောင်မှ ပေးခဲ့တယ်"

" ကျွန်တော်တို့ အဲ့ဒါကို ရှုကျန့်ယန်ဆီက ရခဲ့တာလေ။ ကျွန်တော့်ညီမဆီကလားဆိုတာ ဘယ်သူသိမှာလဲ" ရှုကျန့်ပင်း တွေးကြည့်လေလေ ဖြစ်နိုင်ချေရှိတယ်လို့ ခံစားရလေပဲ။"တွေးပဲ တွေးကြည့်ဦး။ ကျွန်တော့် ညီမကလား? ယောက်ဖရှေ့မှာ အသံတောင် မြှင့်ဝင့်တာ မဟုတ်ဘူး။ သူမက ကွာရှင်းဖို့အတွက် ခြိမ်းခြောက်ဖို့၊ ပုံတွေရိုက်ဖို့ တစ်ယောက်ယောက်ငှားဖို့ ဘယ်လိုလုပ် သတ္တိရှိမှာလဲ။ ပြီးတော့ သူ ငွေတွေ ရုတ်ခြည်းရသွားခဲ့တယ်။ ကျွန်တော်တို့ ပြောနေတာ ငွေ ၁.၆ မီလီယံနော်။ ဝယ်ထားတဲ့ အိမ်တွေ အားလုံးအပါအဝင်ဆို အနည်းဆုံး ယွမ် ၂ မီလီယံ ရှိတယ်။ ဆွဲဆောင်မခံရဘူးလို့ ကျွန်တော့်ကို လာမပြောနဲ့။"

သူဌေးလက်သစ်၏ ဇနီးဟောင်း 🍀ဘာသာပြန်||completed||Where stories live. Discover now