359▫️360▫️361

1.1K 170 0
                                    


အခန်း (၃၅၉)

"ယန်ယန်၊ ငါနဲ့ သူမကြားမှာ တကယ် ဘာမှမရှိပါဘူး။ သူမ အရင်က လူရမ်းကာ တစ်ယောက်နဲ့ ဆုံတော့ ငါ အဲ့မှာ ရှိနေတာနဲ့ သူမကို ကူညီလိုက်တယ်။ အဲ့ဒါက နှစ်နည်းနည်းကြာနေပြီ။ ဟိုတလောက မတိုင်ခင်ထိ သူမကို တစ်ခါမှ ထပ်မတွေ့ခဲ့ဘူး"

"ကောင်းပြီ။ ကျွန်မ ရှင့်ကိုယုံပါတယ်။ " ရှုယန် သူ့ကို အထက်အောက် စုန်ဆန်ကြည့်လိုက်တယ်။ သူ ဟန်မြို့တော်ကို ခရီးထွက်ပြီးနောက် နေရောင်ကြောင့် အသားပိုမည်းလာပြီး ဝိတ်လည်း ကျသွားတယ်။" ဒီညရှင်ပြန်လာမယ်ဆိုတာ သိလို့ အဒေါ့်ကို အစားအသောက် ပိုလုပ်ခိုင်းထားတယ်။ ကျွန်မအိမ်မှာ ညစာလာစားပါလား"

"ကောင်းပြီ" ဖုန်ကျယ်ယွီ ပျော်ရွှင်စွာ ခေါင်းညိတ်လိုက်တယ်။

ရှုယန် အိမ်သို့ သွားတဲ့လမ်းမှာ နှစ်ယောက်သား အိမ်နီးချင်းတွေနဲ့ ဆုံခဲ့ကြတယ်။အိမ်နီးချင်းတွေက သူတို့နှစ်ယောက်ကို အတူတွဲမြင်ရတာ ကျင့်သားရနေပြီ။

သူတို့ ဓာတ်လှေကား စောင့်နေတုန်း လင်းဟွေ့နဲ့ ဆုံလိုက်တယ်။ဖုန်ကျယ်ယွီကို မြင်တဲ့အခါ လင်းဟွေ့ကို့ယို့ကားယား ပြုံးပြလိုက်တယ်။ ဖုန်ကျယ်ယွီကို မြင်လိုက်တော့ သူမ ဖုန်ကျယ်ယွီ အကြောင်း ရှုယန်ကို အတင်းပြောခဲ့တဲ့ နေ့ရက်တွေကို သတိရသွားခဲ့တယ်။ သူမ သူ့ကို အပုပ်မချခဲ့ဖူးတာကို မေ့သွားခဲ့တယ်။

"နင်တို့နှစ်ယောက် ဒီနေ့ အပြင်သွားတာလား"

"မဟုတ်ဘူး။ ယွီက အလုပ်ခရီးက အခုမှ ပြန်လာတာမို့လို့ သူ့ကို ညစာလာစားခိုင်းတာ။ နင် ဈေးသွားတာလား"ရှုယန် စကားဖလှယ်လိုက်တယ်။

" မဟုတ်ဘူး။ ပဲငံပြာရည်ကုန်လို့ သွားဝယ်တာ။"

ထို့နောက် သူတို့ ပြောစရာ စကား ကုန်သွားတယ်။

ညစာက အရမ်းနှုတ်မြိတ်တယ်။ ကြက်သား၊ ဘဲသား၊ ငါးနဲ့ အသား၊ ပုစွန်ဆိတ်နဲ့ ပုစွန်လုံးတို့ ဖြစ်တယ်။ အဒေါ့်ရဲ့ ဟင်းချက်လက်ရာက အံ့ဖွယ် ဖြစ်ပြီး ဖုန်ကျယ်ယွီ လုံလုံလောက်လောက်ကို အရသာ ရှိခဲ့တယ်။ သူ ထမင်းနှစ်ပန်းကန် စားလိုက်တယ်။ အစားအစာရဲ့ သုံးပုံတစ်ပုံနီးပါးကို သူစားခဲ့တယ်။

သူဌေးလက်သစ်၏ ဇနီးဟောင်း 🍀ဘာသာပြန်||completed||Where stories live. Discover now