68▪️69

3.5K 528 17
                                    

အခန်း (၆၈) - ယဲ့ကျင်းကျင်း၏ ကျူတိုရီရယ် အတန်းများ

အခု ယဲ့ထျန်းပေါင်ကို ကျောင်းပြင်ပအတန်းမှာ စာရင်းသွင်းပြီးပြီဆိုတော့ ယဲ့ကျင်းကျင်းဘက်က တိုးတက်မှု အခြေအနေကို စစ်ဆေးဖို့လည်း လိုအပ်တယ်။ သူမရဲ့ နေရာဟောင်းမှာတုန်းက သူငယ်တန်းကို ၆လပဲလေ့လာဖြစ်ခဲ့ပြီး ဘာမှ မသင်ယူခဲ့ရဘူး။ ဆရာမက အခြေခံ သင်္ချာနဲ့ ဖျင်ယင်းတို့ကိုပဲ သင်လို့ ပြီးခဲ့ပြီး နန်မြို့တော်က တခြားကလေးတွေနဲ့ ယှဉ်ရင် အတော်လေး နောက်ရောက်နေတယ်။ ကံကောင်းထောက်မစွာ သူမက ပထမတန်း ပဲရှိသေးတော့ အလွယ်အကူ ပြန်လေ့လာလို့ရပါသေးတယ်။

"သမီးမောင်လေးက အားလပ်ရက်မှာ ကျောင်းပြင်ပ အင်္ဂလိပ်သင်တန်းရှိတယ်။ကျင်းကျင်း အမေ သမီးကိုလည်းပဲ အင်္ဂလိပ်စာသင်တန်းမှာ စာရင်းသွင်းပေးဖို့ စဉ်းစားနေတယ်။ ဖြစ်နိုင်ရင် အနည်းဆုံးတော့တရုတ်နဲ့ သင်္ချာတန်းလောက်ပေါ့။တခြားကလေးတွေကို လိုက်မှီတာနဲ့ ကျောင်းတက်ရတာ မခက်ခဲတော့ပါဘူး။" ကျောင်းပြင်ပ အတန်း သုံးတန်း တက်ကမှာက ခက်ခဲလောက်ပေမယ့် နောက်ကျမှ တက်မည့်အစား မြန်မြန် တက်တာက ပိုကောင်းပါတယ်လေ။ နောက်ကျမှဆို လိုက်မှီဖို့ ပိုပိုခက်လာလိမ့်မယ်။

"အမေ သမီးကို အင်္ဂလိပ်စာသင်တန်းမှာ စာရင်းသွားသွင်းပေးမလို့လား။"ယဲ့ကျင်းကျင်းက ရှုယန်ကို ဝမ်းသာပျော်ရွှင်စွာ ကြည့်လာတယ်။ "ထုန်ထုန်လည်း သင်္ချာနဲ့ အင်္ဂလိပ်သင်တန်း တက်တယ်။ သူ(မ) နဲ့အတူ သွားချင်လားလို့ နေ့ခင်းက သမီးကို မေးသေးတယ်။ သမီး သူ(မ) နဲ့တူတဲ့နေရာကို သွားတက်လို့ရမလား"

"ရတာပေါ့။ အမေ မနက်ဖြန် ဝမ်ယိထုန်အမေကို တွေ့ရင် သူမ ဘယ်မှာ တက်တာလဲ မေးပြီး သမီးကိုလည်း အဲ့မှာ စာရင်းသွင်းပေးမယ်။ အဲ့ဒါတွေအပြင် သမီး တခြား ဘာတွေ သင်ချင်သေးလဲ။သီချင်းဆိုတာတို့၊ အကသင်တာမျိုးတို့ရော။ အတန်းဖော်ဝမ်ယိထုန်က အဲ့ဒါမျိုးတွေ သင်လား။" သီချင်းဆိုတာလိုမျိုး တချို့ ပင်ကိုစွမ်းရည်တွေ သင်ယူထားတာက ကလေးတွေအတွက် ကောင်းတယ်လို့ ရှုယန် ထင်မိတယ်။အဲ့ဒါက သူတို့ အဆက်အသွယ်တွေ လုပ်ရတဲ့အခါ အထက်လူကြီးဆီမှ ရမှတ်ကောင်းတွေ ရနိုင်လိမ့်မယ်။

သူဌေးလက်သစ်၏ ဇနီးဟောင်း 🍀ဘာသာပြန်||completed||Where stories live. Discover now