89▪️90

2.9K 395 2
                                    

အခန်း(၈၉)- မိခင်များသည် စူပါလူသားများ (2)

သူမ ဆင်းခဲ့တဲ့ နေရာကို ပြန်ရောက်တော့ ကားသမားက စောင့်နှင့်နေပြီ။ ကားသမားက လူကောင်းတစ်ယောက်ပါ။ ရှုယန်လာ‌တာတွေ့တော့ ရောက်လာပြီး သူမ အဝတ်အစားတွေကို ကားခန်းထဲ ကူထည့်ပေးတယ်။

"လဲ့နဲ့ တခြားသူတွေ ပြန်မလာကြသေးဘူးလား" သူတို့က အသစ်ဆန်းဆုံး စတိုင်တွေကိုပဲ ရွေးခဲ့တာဆိုရင် သူမ အရင် ပြန်ရောက်သင့်နေပြီ။

"အခု ပြန်မလာသေးဘူး။ ဒါပေမယ့် သူတို့ မကြာခင် ပြန်လာကြတော့မှာပါ"

ရှုယန်က ဒရိုင်ဘာကို အချိုရည်ပုလင်း ကမ်းပေးပြီး မေးလိုက်တယ်။ "ရှင်ဒီလိုမျိုး မကြာခဏ အငှားလိုက်လေ့ရှိလား။ ရှင့် ဖုန်းနံပါတ်က ဘယ်လောက်လဲ။ နောက်တစ်ခါကြရင် ရှင့်ကို ဘယ်လို ဆက်သွယ်ရမလဲ။"

သူမက လဲ့နဲ့ တခြားသူတွေ့နဲ့ သိပ်ရင်းနှီးလို့ရမှာ မဟုတ်ဘူး။ သူတို့ရဲ့စီးပွားရေးအတွက် သူမနောက်ကွယ်မှာ ဘာတွေလုပ်မလဲဆိုတာ ဘယ်သူသိမှာလဲ။ ကားမျှစီးဖို့ နန်မြို့တော် အနောက်လမ်းပေါ်က မဟုတ်တဲ့ ဆိုင်ကို ရှာတွေ့ဖို့ ရှုယန်မျှော်လင့်မိတယ်။

"ကျွန်တော့်မှာ အိမ်ဖုန်းရှိတယ်။ နောက်တစ်ခါ မင်းကားလိုရင် ကျွန်တော့ကို တိုက်ရိုက်ခေါ်လို့ရပါတယ်။ ဒါက ကျွန်တော့် လိပ်စာကဒ်ပါ။ ကျွန်တော့် ပေဂျာနံပါတ်လည်း အဲ့ပေါ်မှာပဲ။ ခင်ဗျားလိုအပ်ရင် ပေဂျာနဲ့ ဆက်သွယ်လို့ ရပါတယ်။ များသောအားဖြင့်တော့ ကျွန်တော်က သုံးရက်တစ်ကြိမ်လောက် အငှားလိုက်တယ်။ တစ်ခါတစ်လေတော့ နေ့တိုင်းပေါ့။ ကျွန်တော်က ကားစီစဉ်ပေးဖို့အတွက်ပဲ တာဝန်ရှိတာ။ ကားမျှစီးဖို့လူကိုတော့ ခင်ဗျားဘာခင်ဗျား ရှာဖို့လိုတယ်" ဒရိုင်ဘာက ရှုယန်ရဲ့အတွေးတွေကို ချက်ချင်းသတ်ချပစ်လိုက်တယ်။

အဓိပ္ပာယ်ရှိ‌သော်ငြားလည်း လူတစ်ယောက် စီးသည်ဖြစ်စေ လူလေးယောက်စီးသည်ဖြစ်စေ ယာဉ်မောင်းအတွက် ကွာခြားမှု မရှိပါဘူး။ ငှားခက အတူတူပဲလေ။ တကယ်တော့ လူနည်းရင် ဂတ် ကုန်တာတောင် နည်းလောက်တယ်။

သူဌေးလက်သစ်၏ ဇနီးဟောင်း 🍀ဘာသာပြန်||completed||Where stories live. Discover now