426▫️427▫️428

892 125 0
                                    


အခန်း (၄၂၆)

အမျိုးသမီးက သူ့နားထဲကို တိုးတိုးကပ်ပြောလိုက်တယ်။ သူ မော့လာပြီး ပြုံးလိုက်တယ်။"ဒါ နားလည်မှုလွဲတာပါ။ ဒီမိန်းကလေးကို သူမအတန်းဖော်က ညွှန်းပေးခဲ့တာ။ သူမအတန်းဖော်က သူမကို အားလုံး ရှင်းပြပြီးပြီလို့ ပြောခဲ့တယ်။ မဟုတ်ရင် ကျွန်တော်တို့ သူမကို စာချုပ်ချုပ်ခဲ့မှာမဟုတ်ဘူး။

"ဒါပေမယ့် ကျွန်မ လက်မှတ်ထိုးထားတဲ့ စာချုပ်နဲ့ နောက်မှ ရှင်တို့ ကျွန်မကိုပြတဲ့ စာချုပ်က မတူဘူးလေ။" လီရှုယွီ သူမအမေရဲ့ လက်ကို တင်းတင်းကြပ်ကြပ်ကိုင်လိုက်တယ်။ သူမ ဒီနေရာကနေ ထွက်နိုင်မထွက်နိုင်က ဒီအခြေအနေပေါ်မူတည်တယ်။

"သူမ ပြောတာမှန်လား" ဝမ်ရှောင်စန်းအမျိုးသမီးကို လှည့်ကြည့်လိုက်တယ်။

" မဖြစ်နိုင်ဘူး။ စာချုပ်က တစ်ခုပဲရှိတယ်။ နင့်နာမည်က တစ်ခါပဲ လက်မှတ်ထိုးခဲ့တာ။ ဘယ်လိုလုပ် မတူတဲ့ စာချုပ်ဖြစ်ရမှာလဲ။ နင်မယုံရင် ငါနင့်ကို သွားယူပြနိုင်တယ်။" ပြောပြီးတာနဲ့ အမျိုးသမီးက တဂွပ်ဂွပ် ခြေသံနဲ့ လျှောက်လှမ်းသွားတယ်။ သူမ လက်ထဲမှာ စာချုပ်နှစ်စောင်ကိုင်ပြီး ပြန်ရောက်လာတယ်။ " ကြည့် သူဌေး ဒါ ဟိုးရက်က သူမ လတ်မှတ်ထိုးခဲ့တဲ့ စာချုပ်ပဲ။ ကျွန်မတို့ သူမကို ဖွဲ့စည်းမှုထဲ မထည့်ရသေးဘူး။  ကျွန်မတို့ သူမဆီက ကော်ပီ မရသေးလို့ "

ဝမ်ရှောင်စန်း စာချုပ်ကို ဖွင့်ကြည့်လိုက်ပြီး စာချုပ်နဲ့ အမျိုးသမီးခေါင်းကို ဖက်ကနဲရိုက်လိုက်တယ်။" သေချာထပ်ကြည့်စမ်းပါဦး။ သူမ လက်မှတ်ထိုးခဲ့တာ ယာယီစာချုပ်ပဲ "

အမျိုးသမီးက စာချုပ်ကို ဆက်ကနဲ ယူကြည့်လိုက်ပြီးနောက် မျက်နှာဖြူဖျော့သွားပြီး စိုးရိမ်တကြီး ပြောလိုက်တယ်။"မကြာသေးခင် တော်တော်များများနဲ့ စာချုပ်ချုပ်ရလို့ ကျွန်မ အမှတ်မှားသွားတာဖြစ်မယ်။ တောင်းပန်ပါတယ် သူဋ္ဌေး။ ဒါ ကျွန်မ အမှားပါ"

လီရှုယွီ ဘယ်ကြည့်လိုက် ညာကြည့်လိုက်နဲ့ မျက်မှောင်ကြုတ်လိုက်တယ်။ ဒါ တကယ်ပဲ အမှားတစ်ခု သက်သက်ပဲလား။

သူဌေးလက်သစ်၏ ဇနီးဟောင်း 🍀ဘာသာပြန်||completed||Where stories live. Discover now