243▪️244▪️245

1.6K 228 4
                                    


အခန်း(၂၄၃)

အစ်မကြီးက အရမ်းတုန့်ဆိုင်းနေပြီး ရှုယန်နဲ့ အတူ နန်မြို့တော်ကို မသွားခဲ့ဘူး။ သူမအားတဲ့အချိန် သွားလိုက်ပါ့မယ်လို့ပဲ ပြောခဲ့တယ်။ အစ်မကြီးက တုန့်ဆိုင်းနေ၍ ရှုယန် အဲ့ကိစ္စကို ဖိပြောမနေတော့ဘူး။ သူမဆိုင်ရဲ့ ဖုန်းနံပါတ်ကို ချန်ထားပေးခဲ့လိုက်တယ်။ ဘဝက အမြဲ နိမ့်ချီမြင့်ချီ ရှိတယ်။ သူမလုပ်ငန်းစလုပ်တုန်းက အစ်မကြီးသာ အများကြီး လမ်းညွှန်မပေးခဲ့ဘဲ ဆိုင်ကောင်းတချို့ကို ပြမပေးခဲ့ရင် ရှုယန် တစ်ယောက် သူမစီးပွားရေးကို ချောမွေ့စွာ တာထွက်နိုင်မှာ မဟုတ်ဘူး။ အစ်မကြီးသာ နန်မြို့တော်လာပြီး သူမကို ဖုန်းခေါ်သ၍ သူမ ဘယ်လောက်အလုပ်များများ အစ်မကြီး သေချာဂရုစိုက်ပေးမှာ ဖြစ်တယ်။

ရှုယန်ကဲ့သို့သော ဆိုင်ပိုင်ရှင်တွေကလည်း ဆိုင်မှာရှိတဲ့ သူတို့ရဲ့ ကုန်ပစ္စည်းတွေကို ဖယ်ထုတ်ခြင်းကို လုပ်ဆောင်ကြတယ်။ ဆောင်းရာသီဝတ် စတိုင် တော်တော်များများကို လွန်လွန်ကဲကဲ ဈေးလျှော့ကြတယ်။ရှုယန် ဂန္တဝင်ဆန်ဆန် စတိုင် အနည်းငယ်ကို ရွေးလိုက်တယ်။ အဲ့ဒါတွေက တွဲစပ်ရလွယ်တယ်လေ။ အဲ့ဒါတွေကို အခု မရောင်းနိုင်ရ တောင် ဆောင်းဦးရာသီ/ ဆောင်းရာသီအချိန်ကျရင် ရောင်းလို့ရနိုင်တယ်။ အဲ့ဒါအပြင် နွေဦးရာသီဝတ် ဝတ်စုံတွေလည်း အများကြီး ဝယ်ခဲ့တယ်။ ဆိုင်ကို အဝတ်အစားတွေ အများကြီး ဖြည့်ဖို့ လိုတော့လေ။

သူမနဲ့ သိပ်မဝေးတဲ့ နေရာမှာ မီးတိုင်ကို မှီပြီး ရပ်နေတဲ့ အရပ်ရှည်ရှည်နဲ့ကြံ့ခိုင်သော အမျိုးသားကို မြင်ချိန်မှာ ရှုယန် သုံးဘီးငှားဖို့ ပြင်နေပြီ ဖြစ်တယ်။

ရှုယန် ထွက်လာတာကို မြင်တော့ သူ ခပ်သုတ်သုတ် လျှောက်လာတယ်။ " ကားက သိပ်မဝေးဘူး။ အဲ့ဒါတွေကို ငါ ကူညီပါရစေ။"

ရှုယန် ဒီနေ့ အများကြီး ဝယ်ခဲ့ပြီး သူမနဲ့ တချို့တလေပဲ ပြန်ရွေးယူလာလိုက်တယ်။ သူမတစ်နေရာဆီက နည်းနည်းပဲ ယူခဲ့ရင်တောင် သူမနဲ့ အများကြီး ရှိနေတယ်။ ဖုန်ကျယ်ယွီက ပစ္စည်းတွေကို ကားထဲ သုံးခေါက် ရွှေ့လိုက်တယ်။ ရှုယန် သူနဲ့ အတူ သုံးခေါက်သွားလိုက်ပေမယ့် ဖုန်ကျယ်ယွီကလေးတဲ့ ပစ္စည်းအားလုံးကို ယူခဲ့တယ်။ ရှုယန်က ပေါ့တဲ့ ပစ္စည်းတွေပဲ သယ်ခဲ့တယ်။

သူဌေးလက်သစ်၏ ဇနီးဟောင်း 🍀ဘာသာပြန်||completed||Where stories live. Discover now