155▪️156▪️157

2.4K 362 3
                                    

အခန်း (၁၅၅) - ဆေးရုံသွားခြင်း (3)
        
''အမေ ဒါဘာလဲ " ကျင်းကျင်းက နှာခေါင်းကို ညှစ်ပိတ်ထားပြီး ဆေးအိုးကို ထိတ်လန့်တကြားနဲ့ ကြည့်လိုက်တယ်။

"တရုတ်ဆေးဖက်ဝင်ဆေး" စောစောက အရသာကို ပြန်စဉ်းစားမိသွားတော့ ရှုယန် တသိမ့်သိမ့် မတုန်မိဘဲ မနေနိုင်ဘူး။ "သွားပြန်အိပ်တော့။အမေ မကြာခင်လာခဲ့မယ်"

ရှုယန် ဆေးမှုန့်ကို ကြက်ဥအကာနဲ့ ရောနှောလိုက်ပြီး မျက်နှာပေါ် သုတ်လိမ်းလိုက်တယ်။ မျက်နှာပေါ်က ခပ်တင်းတင်းခံစားရတယ်။ မိန်းကလေးက မိနစ် ၃၀ ထားရမယ်လို့ ပြောပေမယ့် ရှုယန်ကတော့ ၁၅ မိနစ်ထက် ပိုမထားနိုင်ဘူး။ ရေဆေးချဖို့ ကြိုးစားလိုက်တော့ ပိုတောင်မှ ဆိုးသွားသေးတယ်။ ရောနှောထားထားတဲ့ ကြက်ဥအကာက မျက်နှာပေါ်မှာ အနာဖေးတွေလို ကပ်နေပြီး ဆေးဖို့ ခက်ခဲတယ်။ သူမ ဆေးချဖို့ နာရီဝက်လောက် ကြိုးစားလိုက်ရတယ်။တချို့က ဆံပင်ကို ပေသွားပြီး ကြက်ဥနဲ့ ဆေးဖက်ဝင်ဆေးနံ့တွေ နံသွားစေတယ်။သူမ ခေါင်းကို တစ်ကြိမ်ပြီး တစ်ကြိမ်လျှော်လိုက်တယ်။ရှုယန် အခုတော့ စွန့်လွှတ်ဖို့ အသင့်ဖြစ် နေပြီ။

အဲ့ညမှာ ရှုယန် ဗိုက်နည်းနည်းနာလာ၍ သန့်စင်ခန်းကို အကြိမ်အနည်းငယ် ပြေးလွှားလိုက်ရတယ်။ နောက်နေ့ မနက်အိပ်ရာထတော့ သူမ နည်းနည်း စိတ်ဓာတ်ကျနေတယ်။

ကျင်းကျင်းက သူ့အမေ ခံစားချက် မကောင်းတာကို မြင်နိုင်တယ်။"အမေ၊ နေမကောင်းဘူးလား"

"အမေ အဆင်ပြေပါတယ်။ ခံစားချက် မကောင်းရုံပဲ။"သူမ အလောကြီးလွန်းသွားတာ ဖြစ်မယ်လို့ ရုတ်တရက် ခံစားလိုက်ရတယ်။ ကန်စတန်မာက ကောင်းတယ်လို့ ပြောခဲ့ပေမယ့် ရိုးရာဆေးက သူမအတွက် အလုပ်မဖြစ်တာ ဖြစ်နိုင်တယ်။ အရင်ဆုံး ဆေးဖက်ဝင် အပင်ရောင်းချတဲ့ အတွေ့အကြုံရှိတဲ့ သူဆီ ပြခဲ့သင့်တာ။

သူမ ကလေးတွေ ကျောင်းလိုက်ပို့ပေးပြီးနောက် ရှုယန် အိမ်ပြန်ပေးပြီး သန့်စင်ခန်းတန်းသွားလိုက်တယ်။ သူမ အခု ဝမ်းလျှောနေတယ်ဆိုတာ သေချာတယ်။အရင်နှစ်ရက်က သူမ သိပ်အများကြီး မစားခဲ့တာကြောင့် ပြဿနာက သူမညက သောက်ခဲ့တဲ့ ရိုးရာဆေးဆိုတာ သေချာတယ်။

သူဌေးလက်သစ်၏ ဇနီးဟောင်း 🍀ဘာသာပြန်||completed||Where stories live. Discover now