147▪️148▪️149▪️150

2.5K 384 17
                                    

အခန်း (၁၄၇) - Each man for himself (1)

သူတို့ထဲက တစ်ယောက်မှ မနေ့ညက ပြောခဲ့တဲ့ အကြောင်းကို ဘာမှမပြောခဲ့ကြဘူး။ သူတို့က တခြား ကြုံရာကျပမ်း အရာတွေကို စကားစမြည် ပြောနေကြပြီး စိတ်အခြေအနေက ပေါ့ပေါ့ပါးပါးနဲ့ တက်ကြွနေတယ်။

"ငါ့သမီးက ဒီနှစ် သုံးနှစ်ရှိပြီ။ နင့်သားနဲ့ အသက်အတူတူပဲ။ နောက်တစ်ခါ နင့် ကလေးတွေကိုပါ ခေါ်လာသင့်တယ်။ ငါ့သမီးက တစ်ချိန်လုံးအိမ်မှာနေနေတော့ သူငယ်ချင်းအပေါင်းအသင်း မရှိဘူး။နင့်သမီးနဲ့ ဆုံရင် သူမပျော်လိမ့်မယ်" ဟူရွေ့ ရွှယ်က အရင်ကထက် အခြေအနေ အများကြီးပိုကောင်းလာပုံရတယ်။

" ဟုတ်ပြီ။ နောက်ပိတ်ကျရင် ငါတို့ ဘာကြောင့် အပျော်ခရီးမထွက်ရမှာလဲ။" နန်မြို့တော်က လောလောဆယ်တော့ အားလုံး မကောင်းမွန်သေးဘူး။ အနာဂတ်မှာ လူသိများသော ကမ္ဘာလှည့်ခရီးသွားနေရာ အများစုက လက်ရှိမှာတော့ မြေကွက်လပ်တွေ ဖြစ်နေကြဆဲ ဖြစ်တယ်။

"အင်း မကြာသေးခင် ရာသီဥတုက သာယာလာပြီ။ အပျော်ခရီးထွက်တာက ဆိုးတဲ့ အကြံတော့ မဟုတ်ဘူး။"ဟူရွေ့ ရွှယ် ပြုံးလိုက်တဲ့အခါ သူမမျက်ဝန်းက လခြမ်းလို ကွေးသွားပြီး သူမကို အရမ်းပဲ လှပပုံပေါ်သွားစေတယ်။

ရှုယန် တစိမ့်စိမ့် တွေးတောလိုက်တယ်။ မူလပိုင်ရှင်က ရုပ်ဆိုးပြီး ယဉ်ကျေးမှုမ မရှိတာကြောင့် ယဲ့ကျစ်ချန်းက ပိုပြီး ငယ်ရွယ်၊ ပိုပြီး လှပ၊ ပိုပြီး ယဉ်ကျေးသိမ်မွေ့တဲ့ ကောလိပ်ကျောင်းသူဆီ သွားခဲ့တာ။ အဲ့ဒါ အဓိပ္ပာယ်ရှိတယ်။ ကျန်းပိုင်ကျုံးကကျတော့ ဘာကြောင့် ဟူရွေ့ ရွှယ်နဲ့ ဘယ်နေမှ မယှဉ်သာနိုင်တဲ့ တစ်ယောက်ကို ရှာရတာလဲ။ သူ့ရဲ့ သိမ်ငယ်တက်တဲ့ စိတ်ထားကြောင့်လား။ လဲ့ ဆီကနေ သူ့ရဲ့ အတ္တမာနကို ရှာတွေ့လိုက်လို့လား။ တကယ့် ဆန်ကုန်မြေလေး ကောင်။

ဟင်းပွဲတွေ တစ်ပွဲပြီးတစ်ပွဲတည်ခင်းပေးလာခဲ့ပြီး သူမ ပတ်ပတ်လည်မှာ ရနံ့တွေ ဝန်းရံနေသလို ရှုယန်ခံစားရတယ်။သူမ စားစရာကို တူနဲ့ ညှပ်ယူပြီး စားကြည့်လိုက်တယ်။သူမ နည်းနည်း မျက်လုံးမှေး ကျဉ်းသွားတယ်။ ရှုယန် နန်မြို့တော် ဟင်းလျာတွေကို စားသုံးလင့်ကစား သူမရဲ့ ဇာတိမြို့က ဒေသခံ ဟင်းလျာတွေကို ပိုနှစ်သက်တယ်။ ဒီနေ့ ရှုယန် သိလိုက်ရတာက အရသာရှိတဲ့ ဟင်းလျာ ဖြစ်နေသ၍ ဘယ်ဟင်းလျာအမျိုးအစားပဲဖြစ်ဖြစ် စားလို့ကောင်းတယ်ဆိုတာပါပဲ။

သူဌေးလက်သစ်၏ ဇနီးဟောင်း 🍀ဘာသာပြန်||completed||Where stories live. Discover now