66▪️67

3.5K 544 9
                                    

အခန်း (၆၆) - တခြား မိဘတွေနဲ့ စကားစမြည်းပြောခြင်း (2)

နှစ်ယောက်သားရဲ့ ဝမ်းသာပျော်ရွှင်နေမှုကို ကြားတော့ ဝူရွှီယွဲ့ နည်းနည်းလေး မနာလိုဖြစ်မိသွားတယ်။"နန်ဖူက အိမ်တွေက တော်တော်လေး ဈေးကြီးတာဖြစ်ရမယ်။ ကျွန်မက ၆၀ စတုရန်းမီတာ လိုချင်ပေမယ့် ကျွန်မယောက်ျားက သဘောမတူခဲ့ဘူး လေ။ကျွန်မတို့ မဝယ်ခင် အိမ်ဈေးနည်းနည်းကျမှာကိုပဲ စောင့်ချင်တယ်။"

နိုင်ငံသား အများစုက အမြဲတမ်း အိမ်ဈေးတွေကျပြီးမှ ဝယ်ချင်ကြတယ်။ ရင်းနှီးမြှုပ်နှံဖို့ ရည်ရွယ်ချက်အတွက်ဆိုရင် ဒီလို စောင့်တာ အဆင်ပြေပေမယ့် သူတို့ဆိုလည်း ဒီလို စောင့်နေမှပဲ ရမယ်လို့ ရှုယန်ထင်ပါတယ်။ သူတို့ အခု နေနေတဲ့ ရပ်ကွက်က သေးပြီး ခပ်ဟောင်းဟောင်းဖြစ်တယ်။ဝူရွှီယွဲ့ကလည်း သူမ ယောက္ခမတွေနဲ့ နေနေတာလို့ ပြောတော့ အတိအကျဆို အိမ်က ဘယ်လောက်တောင် ကျပ်ညှပ်နေမှာပါလိမ့်။

သို့ပေမယ့် အိမ်ဈေးတွေက ၁၉၉၇ မှာ ဈေးထိုး မကျခင်ထိ နောက်နှစ်အနည်းငယ်အတွင်း တည်တည်ငြိမ်ငြိမ် ရှိနေအုံးမှာ။ဒါက ရှူယန် ဘာကြောင့် သူမကို အိမ်ဝယ်ဖို့ မတိုက်တွန်းရသလဲဆိုတာပဲ။ တစ်ခုခုဖြစ်ပွားခါမှ အပြစ်တင်မခံချင်ဘူးလေ။

လင်းဟွေ့ကလည်း ဘာမှ သိပ်မပြောပါဘူး။အိမ်ဝယ်တယ်ဆိုတာက ဆုံးဖြတ်ချက်ကြီးတစ်ခုဖြစ်ပြီး သူတို့ အခုမှ ဆုံဖူးတာဆိုတော့ ထိုကိစ္စကို သူမ ဝေဖန်ပိုင်ခွင့်မရှိဘူးလေ။

သူတို့သုံးယောက်မှာ ရှုယန်ကပဲ ကလေးနှစ်ယောက် ရှိတယ်။ တခြား မိခင်နှစ်ယောက်က ကလေးတစ်ယောက်စီပဲ ရှိတယ်။ လင်းဟွေ့နဲ့ သူမယောက်ျားနှစ်ယောက်လုံးက အစိုးရဌာနမှာ အလုပ်လုပ်ကြတာတာ။ သူတို့မှာ ကလေးတယောက်ထက် ပိုမရှိရဘူးဆိုတဲ့ စည်းမျဉ်း ရှိတယ်။ တစ်ဖက်က ဝူရွှီယွဲ့မှာက ယောက်ျားလေးတစ်ယောက်ရှိပြီးနေပြီး ကလေးထပ်မယူရတော့ဘူးဟု စည်းမျဉ်း ချမှတ်ထားတယ်။

"ယောက်ျားလေးတစ်ယောက် မိန်းကလေးတစ်ယောက်ဆိုတော့ ကောင်းလိုက်တာနော်" သူတို့နှစ်ယောက်လုံး ရှုယန်ကို မနာလို အားကျနေကြတယ်။

သူဌေးလက်သစ်၏ ဇနီးဟောင်း 🍀ဘာသာပြန်||completed||Where stories live. Discover now