392▫️393▫️394

929 145 0
                                    


အခန်း (၃၉၂)

အသံကို ကြားတော့ ရှုယန် ခဏလောက် အေးခဲသွားတယ်။ အသံက ဟန်မြို့တော်မှာတုန်းက ကူညီခဲ့တဲ့ အစ်မကြီးဖြစ်တယ်။

"အာ..အစ်မကြီး။ ရှင် ကျွန်မဖုန်းနံပါတ် ပျောက်သွားပြီလို့ တွေးမိတော့မလို့။ ရှင် ကျွန်မကို ဖုန်းခေါ်ဖို့ ဘာလို့ ဒီလောက်ကြာတာလဲ။"

ဒုတိယအကြိမ် သူတို့ဆုံပြီးကတည်းက ရှုယန် သူမကို ထပ်မမြင်မိတော့ဘူး။ အဲ့နောက်တော့ ရှုယန်က ဆိုင်လုပ်ငန်းကိုရော၊ ဟန်မြို့တော်ကို သွားတာကိုရော ရပ်လိုက်တယ်။ သဘာဝကျစွာပဲ သူတို့ ထပ်မတွေ့ဖြစ်တော့ဘူး။

ရှုယန် အစ်မကြီးနဲ့ ဖုန်းနံပါတ် လှဲလှယ်တဲ့အချိန်က သူမက ဆိုင်သစ်ပြောင်းမလို့ ပြင်နေပြီး ဖုန်းမတပ်ဆင်ရသေးဘူးလို့ ပြောခဲ့တယ်။ ရှုယန် သူမဖုန်းနံပါတ် ချန်ပေးထားခဲ့ပြီး အကူအညီလိုရင် သူမကို ဖုန်းခေါ်ဖို့ ပြောခဲ့တယ်။ အစ်မကြီး အကူအညီမလိုအပ်လို့လား၊ သူမကို မေ့သွားလို့လားဆိုတာ ရှုယန် မသိခဲ့ဘူး။ သူမက ရှုယန်ကို တစ်ခါမှ ဖုန်းမခေါ်ခဲ့ဘူး။

"ငါ....." အစ်မကြီးဘက်က ခဏလောက် တိတ်နေပြီးနောက် တုံ့ဆိုင်းစွာ ပြောလိုက်တယ်။" ရှင်းရွှယ်က ဝမ်စီရင်စုမှာ အတွင်းခံဆိုင် ရှိနေပြီလား။"

ဝမ်စီရင်စုက ဒုတိယအဆင့် မြို့တော်ဖြစ်ပြီး မြို့ရဲ့ စီးပွားရေးက အတော်လေး တိုးတက်ကောင်းမွန်တယ်။ရောင်းဝယ်ရန် လုပ်ပိုင်ခွင့်အတွက် သူတို့တွေ ဒုတိယအဆင့် မြို့တွေမှာ စဖွင့်လိုက်တဲ့အချိန်က ဝမ်စီရင်စုက ဦးဆုံး စာရင်းသွင်းတဲ့ စီရင်စုတွေထဲတွင် ပါဝင်ပြီး ရောင်းဝယ်ရန် လုပ်ပိုင်ခွင့်ဆိုင် ရှိပြီးဖြစ်တယ်။

"တောင်းပန်ပါတယ်။ တည်နေရာခွဲတမ်းက ပြည့်သွားပြီ။ အစ်မကြီးက ရောင်းဝယ်ရန်လုပ်ပိုင်ခွင့်ကို စိတ်ဝင်စားလို့လား။"

အရင်တစ်ခါ သူမ အစ်မကြီးကို မြင်တဲ့အချိန်က သူမအိမ်ပိုင်ရှင်က အဆောက်အုံကို ဖြိုချနေလို့ သူမ အိမ်အသစ်ပြောင်းရတော့မယ်လို့ အစ်မကြီး ပြောခဲ့တယ်။ အဲ့တုန်းက ရှုယန် သူမကို ရောင်းဝယ်ရန် လုပ်ပိုင်ခွင့် လုပ်ဖို့ ဖိတ်ခေါ်ခဲ့ပေမယ့် သူမက ရှုယန်ကို ငြင်းလိုက်တယ်။ 

သူဌေးလက်သစ်၏ ဇနီးဟောင်း 🍀ဘာသာပြန်||completed||Where stories live. Discover now