459▫️460▫️461

946 139 2
                                    

အခန်း (၄၅၉)

"မင်း ထပ်အိပ်လိုက်ဦး။ မင်းတစ်ချိန်လုံး နိုးနေတာ။" ရှုယန် အိပ်ချင်မူးတူး ဖြစ်နေသေးတာ မြင်တော့ ဖုန်းကျယ်ယွီ ခဏ တုန့်ဆိုင်းနေပြီး နောက်ဆုံးတော့ ပြောပြလိုက်တယ်။" လွန်ခဲ့တဲ့ နှစ်ရက်က အဘွား ရေချိုးခန်းသွားရင်း လဲကျသွားတယ်။ အခု ဆေးရုံတက်နေတယ်။"

"အဘွား လဲကျတာလား" ရှုယန် ချက်ချင်း နှိုးကြားသွားတယ်။ သူမ အဝတ်စား ဝတ်ရင်း မေးလိုက်တယ်။ "အဒေါ်က ကျွန်မကို ဘာလို့ မပြောတာလဲ။ ရှင်ကရော ဘာလို့ မပြောတာလဲ။"

"ဖြစ်တဲ့ အချိန်က မင်းက လေယာဉ်ပေါ်မှာလေ။မင်း ပြန်လာတဲ့အခါ လေယာဉ်ချိန်နောက်ကျမယ်ထင်လို့ မင်းကို ပြောပြဖို့ အဒေါ်ကို စောင့်ခိုင်းထားခဲ့တာ။" နောက်ဆုံးတော့ ဖုန်းကျယ်ယွီရဲ့ ပင်ပန်းမှုတွေ ထွက်ပေါ်လာတော့တယ်။

အဘွားလဲကျတာက ဖုန်ကျယ်ယွီကို ဝမ်းအနည်းဆုံးသူ ဖြစ်စေတယ်။ သူ ထောင်ကထွက်လာကတည်းက သူတို့နှစ်ယောက်ပဲ ရှိခဲ့တာ။ သူမက သူ့အဘွားအရင်းလိုပဲ ဖြစ်တယ်။ ဒီလို မတော်တဆမှုက ဖုန်ကျယ်ယွီကို အရမ်းအပြစ်ရှိသလို ခံစားရစေတယ်။

"ကိုယ် မင်းပြောတာကို နားထောင်ခဲ့သင့်တာ။ သူမအတွက် နာနီ ငှားခဲ့သင့်တာပါ။"

သူတို့ ဒီအိမ်ကို ပြောင်းတဲ့အချိန်မှာ အဘွားကို သူတို့နဲ့ အတူ လိုက်ပြောင်းဖို့ ရှုယန် ပြောခဲ့ပေမယ့် အဘွားက လိုက်မပြောင်းချင်ဘူး။

နောက်တော့ သူမအတွက် နာနီငှားဖို့ ရှုယန် ပြောခဲ့တယ်။ နာနီက သူမနဲ့ ၂၄ နာရီ ၇ ရက် အတူရှိမှာ ဖြစ်တယ်။ ဒါပေမယ့် အဘွားက အဲ့လိုလည်း မငှားချင်ဘူး။

အဘွားက သူမဘာသူမ နေတာ ကျင့်သားရနေပြီး တစ်ယောက်ယောက် သူမကို တစ်ချိန်လုံး စောင့်ကြည့်နေမှာ မလိုချင်ကြောင်း ပြောခဲ့တယ်။

" ဒါ ရှင့်အမှား မဟုတ်ပါဘူး။ အဘွားလို့ သန်မာတဲ့ သူက လဲကျမယ်လို့ ဘယ်သူတွေးမိမှာလဲ။" သူမက တိုက်ခန်းထဲမှာ လဲကျမယ်လို့ ဘယ်သူတွေးမိမှာလဲ။အဲ့ဒါကလည်း ဘယ်သူ့မှ မရှိတဲ့ အချိန်မှာမှ ဖြစ်မယ်လို့လေ။" ကောင်းပြီ။ အခု အဲ့အကြောင်း မပြောတော့ဘူး။ မြန်မြန်လုပ်။ အဘွားဆီသွားလည်ရအောင်။"

သူဌေးလက်သစ်၏ ဇနီးဟောင်း 🍀ဘာသာပြန်||completed||Where stories live. Discover now