267▪️268▪️269▪️270

1.6K 208 4
                                    


အခန်း(၂၆၇)

သို့သို့အမေက ဖုန်ကျယ်ယွီကို တစ်ချိန်လုံး ချီးမွမ်းနေပြီး ချီးမွမ်းခံရသူ ကိုယ်တိုင်ပင် ရှက်မိသလို ခံစားလာရတယ်။

" မရီး၊ မကြာခင် သွားကြတော့မှာ ဆိုတော့ စားကြရအောင်။ ကျွန်တော်တို့ နန်မြို့တော်မှာ လုပ်စရာလေးတွေ ရှိသေးတယ်" တကယ်တော့ သူက သို့သို့ အမေပြောသလောက် မကောင်းပါဘူး။ သူက ယောက်ျားတစ်ယောက် လုပ်သင့်တာကို လုပ်ခဲ့ရုံ ဖြစ်တယ်။

"ကောင်းပါပြီ" သူက သူမကို ကာကွယ်ပြီးနေပြီ။ သူမကို အတော်လေး သဘောကျနေပုံပဲ။ သို့သို့ အမေက ဖုန်ကျယ်ယွီကို ချီးမွမ်းနေတာကို ရပ်လိုက်ပြီး အဲ့အစား ရှုယန်ကို စချီးမွမ်းတော့တယ်။ "ရှင့်ကို ကြည့်ပါဦး။ ကလေးနှစ်ယောက်ရပြီးတာတောင် ဘယ်လိုလုပ် ဒီလောက် ပိန်ပါးရတာလဲ။ ရှင့်အသားရည်ကလည်း အရမ်းကောင်းတယ်။ နူးညံ့ချောမွေ့နေတာလဲ။ ကလေးနှစ်ယောက်ထိန်းရင်း ကိုယ်ပိုင်ဆိုင်ဖွင့်ပြီး အမြတ်အစွန်းရှာနိုင်အောင် ဘယ်လိုများ တက်နိုင်တာလဲ။"

"မဟုတ်ဘူး ... ကျွန်မ ..."ရှုယန် ချီးမွမ်းမှုကြောင့် အခက်တွေ့ရပြီး ခပ်မြန်မြန် ခေါင်းခါလိုက်တယ်။

"ကျွန်မ တကယ်ပြောတာ။ ရှင့်ကို အရမ်း လေးစားမိတယ်။ ကျွန်မမှာ ကလေးတစ်ယောက် ရှိပေမယ့် ကျွန်မကို ကူညီပေးမယ့် ယောက္ခထီး၊ ယောက္ခမရှိတယ်။ ရှင်ကတော့ ကလေးနှစ်ယောက်ရှိနေပြီး ကြိုးကြုံးစားစားနဲ့ ရှင့်ဆိုင်ကို ဖွင့်ခဲ့တယ်။ အဲ့လိုဖြစ်ဖို့ ဘယ်လောက် ပင်ပန်းလိုက်မလဲနော်။ ရှင်ရဲ့ ဝန်ထုတ်ဝန်ပိုးတွေကို ကူထမ်းဖို့ လက်တွဲဖော်တစ်ယောက် ရှိခဲ့ဖူးလား"

အကြောင်းအရာက အရမ်းကို ရုတ်ခြည်းဆန်စွာ ခုန်ပျံကျော်လွှားသွားပြီး သူမ ပြောင်းလဲမှု နောက်လိုက်ဖို့ ရှုယန်အတွက် ခက်ခဲသွားတယ်။

" မရီး၊ မင်းအိုးထဲ အစားအသောက်တွေ မီးကျွမ်းနေပြီ။ " ဖုန်ကျယ်ယွီက ရှုယန်ကို မီးဖိုချောင်ထဲက ခေါ်ထုတ်လိုက်ရင်း ပြောလိုက်တယ်။ "မင်းရဲ့ ဝန်ထမ်းကို ဖုန်းခေါ်ရအုံးမယ်လို့ ပြောခဲ့တယ်မဟုတ်လား။ အိမ်ထဲက ဖုန်းလိုင်းသိပ်မကောင်းကူး။ ဖုန်ခေါ်ဖို့ဆို မင်းအပြင်ထွက်သင့်တယ်။"

သူဌေးလက်သစ်၏ ဇနီးဟောင်း 🍀ဘာသာပြန်||completed||Where stories live. Discover now