70▪️71

3.4K 508 7
                                    

အခန်း (၇၀) - မျက်နှာသာဆိုင်ရှာဖွေခြင်း (2)

လောင်ဟူ ရွေးထားခဲ့တဲ့နေရာက အတော်လေး ကောင်းမွန်တယ်။ အဆောက်အအုံ အစကနေ နှစ်မိနှစ် သုံးမိနစ်ပဲ လမ်းလျှောက်ရတာ။ အခန်းနှစ်ခန်းအပါအဝင် ပတ်လည်အကျယ် ၁၀၀ စတုရန်းမီတာရှိတယ်။ သို့သော်လည်း အထဲက အဝတ်အစားများက သူမကို ပြောစရာစကားမဲ့စေတယ်။ အင်း ‌ပြောရရင် အနည်းဆုံးတော့ ဈေးသက်သာပါတယ်လေ။

နန်မြို့တော် အနောက်ဘက်လမ်းမကြီးမှာ အဓိကအားဖြင့် အလယ်အလတ်မှ အဆင်မြင့်ကုန်စည်များ ရှိတယ်။ အဲ့မှာဈေးဝယ်ကြတဲ့ လူအများစုက ချမ်းသာတဲ့မိသားစုများ သို့မဟုတ် ကိုယ်ပိုင်အလုပ်ရှိတဲ့ အမျိုးသမီးများ ဖြစ်တယ်။ ဒီဈေးဆိုင်ရဲ့ တည်နေရာကတော့ ခဲရာခဲဆစ်ပါပဲ။ ဈေးချိုစေချင်ပေမယ့်လည်း လှပတဲ့ လမ်းကိုလျှောက်ချင်တယ်ဆိုရင်တော့ ဒီဆိုင်ခန်းက ဝယ်ဖို့မသင့်ဘူး။ သူတို့ရဲ့ရည်ရွယ်ချက်နဲ့ကိုက်ညီမယ့် တခြားဆိုင်ခန်းတွေ မျဉ်းကျားလမ်းတွေ‌‌ပေါ်မှာ ရှိမှာပါ။

"ကျွန်မဆိုင်ရဲ့ စီးပွားရေးက တကယ်ကောင်းတယ်။ ကျွန်မသာ အချို့ကိစ္စတွေ ဂရုစိုက်ဖို့ အိမ်ပြန်ဖို့မလိုရင် ရောင်းဖြစ်မှာ မဟုတ်ဘူး" လိုင်းတွန့်ဆံပင်နဲ့ အမျိုးသမီးသူဌေးက ပြောလာတယ်။ သူမက အနီးရောင်ဂါဝန်ဝတ်ထားပြီး ခပ်ဖျော့ဖျော့ မိတ်ကပ်နဲ့ အတော်လေးအနောက်တိုင်းပုံ ပေါ်နေတယ်။

ယန်ရှုယွီ(ရှုယန်)က သေချာပေါက်သူမကို မယုံကြည်ခဲ့ပါဘူး။ စီးပွားရေးသာ အရမ်းကောင်းနေရင် နာမည်ပေါက်ပြောင်းဖို့ပြောင်းဖို့ လူရှာနေမှာ မဟုတ်ဘူး။ တခြားအရာတွေကို အသာထားဦး။ သံသယဖြစ်ဖွယ်ကောင်းတဲ့ သူတို့ ဝန်ထမ်းတွေကို ကြည့်ကြည့်။ ဒီအရွယ်အစားရှိတဲ့ ဆိုင်မှာ ဝန်ထမ်းတစ်ယောက်ပဲရှိတဲ့အပြင် နှေးကွေးလေးကန်နေတဲ့ ဝန်းထမ်းရဲ့ ပုံစံကို ထည့်မပြောနဲ့ဦး။ သူတို့က မီးတောင်မှ မဖွင့်ထားဘူး။ ဆိုင်ထဲက အလင်းရောင်ရှိပြီး တောက်ပနေပါမှ  ကန်စတန်မာတွေက အထဲဝင်ကိုမှာလေ။ ဆိုင်က မှောင်နေရင် အေးစက်စက် နဲ့ ဗလာအလွတ် ပုံစံကြီး။အဝတ်အစားတွေက လှပရင်တောင် ဘယ်သူမှာ အထဲ ၀င်ကြည့်ကြမှာ မဟုတ်ဘူး။ သူတို့က လှတောင် မလှမှတော့ ပြောမနေတော့နဲ့ပေါ့။

သူဌေးလက်သစ်၏ ဇနီးဟောင်း 🍀ဘာသာပြန်||completed||Where stories live. Discover now