170▪️171▪️172

2.3K 355 2
                                    

အခန်း (၁၇၀) - သက်တော်စာင့် (2)

ဆေးရုံသွားရာလမ်းမှာ အမျိုးသမီးက ငိုပြီး ပြောလာတယ်။" သို့သို့က ကျွန်မဘ၀ပဲ။ သူ့အဖေက စစ်ပွဲထဲမှာ သေသွားပြီ။ ကျွန်မတို့မှာ သူပဲ ကျန်တော့တာ " သို့သို့သာ မရှိတော့ရင် ကျွန်မ ဝူ မိသားစုကို အမှားလုပ်မိလိမ့်မယ်။ သူ့အဖေကို အမှားလုပ်မိလိမ့်မယ်..."

ကလေးက အာဇာနည်တစ်ယောက်ရဲ့သားလို့ သူတို့ မမျှော်လင့်ထားဘူး။ ရဲသားနှစ်ယောက်နဲ့ ရှုယန်ဟာ အရမ်းကို ထိမိသွားတယ်။

သူတို့ဆေးရုံကို ရောက်တဲ့အခါ ကလေးက အိပ်ပျော်နေဆဲဖြစ်တယ်။ ကလေးကို မြင်မြင်ချင်းပဲ မိသားစုက ကျယ်လောင်စွာ အော်ငိုကြတော့တယ်။ ကလေးရဲ့မိခင်က ကလေးကို မနိုးစေချင်လို့ သူမပါးစပ်ကို အုပ်ထားတယ်။

ကလေးက ဆေးရုံကို အချိန်မီ စောစောရောက်လာခဲ့တဲ့အတွက် ကံကောင်းတယ်လို့ ဆရာဝန်က ပြောတယ်။ အပူက ဆက်မြင့်နေရင် အသက်ပါနိုင်တယ်တဲ့။ ဒါမှမဟုတ် သူပြန်သက်သာလာရင်တောင် ဦးနှောက် ရေရှည်ပျက်စီးစေနိုင်ခြင်း သို့မဟုတ် အကြားအာရုံ ပျက်စီးခြင်း ဖြစ်လာနိုင်တယ်တဲ့။ အဲ့စကားတွေကို ကြားတော့ လူတိုင်းမျက်နှာက ဖြူဖျော့သွားကြတယ်။

ကလေးက အဆင်ပြေတယ်ဆိုတာ ကလေးအမေ အတည်ပြုပြီးနောက် နောက်ဆုံးတော့ သူမရဲ့ ဆင်ခြင်တုံတရားကို ဖြည်းဖြည်းချင်း ပြန်ရလာတယ်။ သူမ ရှုယန်ရှေ့လျှောက်သွားပြီး ဒူးထောက်ချလိုက်တယ်။

"အိုး အမလေး ရှင် ဘာလုပ်တာလဲ" ရှုယန် သူမကို ကူထူလိုက်ချင်ပေမယ့် သူမကို မ, မနိုင်ဘူး။

"ရှင်က သို့သို့ ရဲ့အသက်ကို ကယ်ခဲ့ရုံတင်မဟုတ်ဘူး။ ရှင်က ကျွန်မကိုပါ ကယ်ခဲ့တာ။ ရှင်သာ အချိန်မီရှာမတွေ့ခဲ့ရင် ကျွန်မတို့ သို့သို့ကို ဆုံးရှုံးရပြီး ကျွန်မလည်း ရှင်သန်နိုင်မှာ မဟုတ်တော့ဘူး။ ရှင်က သို့သို့၊ ကျွန်မနဲ့ ကျွန်မ မိသားစုတွေ အသက်ကို ကယ်တင်ခဲ့တာ။ " သူမက အလွန်အကျွံ အရိုအသေပေးချင်ပြီး ရှယန် အကူအညီတောင်းဖို့ ရဲသားတွေကို လှမ်းကြည့်လိုက်တယ်။

ရုတ်ရုတ် ရုတ်ရုတ်လုပ်နေတာကို ကြားတော့ ကလေးက အဘိုးအဘွားတွေကလည်း ဒူးထောက် အရိုအသေပေးချင်နေကြတယ်။ ရှုယန် ရဲတွေကို အမြန် ခေါ်လိုက်ပြီး ဖုန်ကျယ်ယွီကလည်း သူတို့ကို တားဖို့ ရောက်လာတယ်။

သူဌေးလက်သစ်၏ ဇနီးဟောင်း 🍀ဘာသာပြန်||completed||Where stories live. Discover now